ဒီဇိုင်းပိုင်း အပြောင်းအလဲလုပ်ထားတဲ့ Galaxy Z Fold 2 5G

Samsung ဟာ အွန်လိုင်းမှာ ပြုလုပ်ခဲ့တဲ့ Unpacked ပွဲမှာ Galaxy Note 20 နဲ့ Note 20 Ultra အပြင် Galaxy Z Fold 2 5G ကိုလည်း မိတ်ဆက်လိုက်ပါတယ်။

Galaxy Z Fold 2 ဟာ Samsung ရဲ့ ဩဂုတ်လအတွင်း မိတ်ဆက်လေ့ရှိတဲ့ တန်ဖိုးကြီးဖုန်းဖြစ်လာပါတယ်။ စက်တင်ဘာလမှာ iPhone မိတ်မဆက်ခင်အတွင်း Samsung ကလည်း တန်ဖိုးကြီးဖုန်းတစ်မျိုး ထုတ်ဖော်ပြသလိုက်ပါတယ်။

အတွင်းဘက်မျက်နှာပြင်အရွယ်က ၇.၆ လက်မအထိ ရှိကာ ပြင်ပမျက်နှာပြင်က ၆.၂ လက်မ ရှိပါတယ်။ Samsung က mystic-bronze ဆိုတဲ့အရောင်ကို အသုံးပြုထားပါတယ်။ Galaxy Z Fold 2 ကတော့ မူလ Galaxy Fold ရဲ့ အားနည်းချက် ပြင်ဆင်ထားပါတယ်။

Galaxy Z Fold 2 ကတော့ မူလမော်ဒယ်ထက် ကိုယ်ထည်ပါးလွှာပြီး gap နေရာလွတ်လည်း နည်းပါးပါတယ်။ Z Fold 2 ရဲ့အထူးခြားဆုံး လုပ်ဆောင်ချက်ကတော့ ပတ္တာကို တည်ဆောက်ထားတဲ့ နည်းလမ်းဖြစ်ပါတယ်။ ပတ္တာကိုအသုံးပြုပြီး ထောင်ထားနိုင်တဲ့နည်းလမ်းက အလွန်အသုံးဝင်လာပါတယ်။ Z Fold 2 ကို flex mode အသုံးပြုပြီး ဗီဒီယိုကြည့်တာ၊ စာဖတ်တာနဲ့ ဗီဒီယိုခေါ်ဆိုမှုကို လက်ခံတာအထိ လုပ်နိုင်ပါတယ်။

Galaxy Z Fold 2 ရဲ့ ကင်မရာပိုင်းကလည်း Note 20 Ultra နဲ့အတူတူပါပဲ။ Z Fold 2 အတွက် 108-megapixel ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပြီး 5x optical zoom (50x Space Zoom) နဲ့ 12-megapixel sensor ultrawide-angle နဲ့ telephoto ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာ ၂ လုံး ပါဝင်ပြီး အတွင်းဘက်မျက်နှာပြင်နဲ့ cover display မှာ 10-megapixel တစ်ခုစီ ထည့်သွင်းထားပါတယ်။

Galaxy Z Fold 2 ညာဘက်ခြမ်းမှာ fingerprint reader ထည့်သွင်းထားပါတယ်။ Galaxy Z Fold 2 ဈေးနှုန်းကို မထုတ်ပြန်သေးပေမယ့် Samsung.com မှာ ကြိုတင်မှာယူနိုင်ပါပြီ။ စက်တင်ဘာ ၁ ရက်မှာ Galaxy Z Fold 2 ဈေးနှုန်းနဲ့ အသေးစိတ်အချက်ကို ထုတ်ပြန်မယ်လို့ Samsung ကပြောထားပါတယ်။

-စိုးထက်
Ref: CNET