ဒီဇိုင်းပိုင်း အကြီးအကျယ်ပြောင်းလဲထားတဲ့ Lenovo Legion

Lenovo Legion ဟာ မျိုးဆက်သစ် gaming စမတ်ဖုန်းဖြစ်ပါတယ်။ Lenovo Legion မှာ ကြိုးနဲ့ အားသွင်းရင် 90W အထိ ထောက်ပံ့ထားပြီး ‌cooling နည်းပညာသစ်လည်း ပါဝင်လာပါမယ်။
အခုဆိုရင် XDA-Developers က Lenovo Legion ဖုန်းပုံတချို့ ထွက်ပေါ်လာပါတယ်။ ဝက်ဘ်ဆိုက်ဖော်ပြချက်အရ ဖုန်းကို ဈေးကွက်ရှာဖွေရေး ကြော်ငြာဗီဒီယိုမှာ ဖော်ပြထားတဲ့ ပုံစံဖြစ်ပါတယ်။ Lenovo Legion ကျောဘက် အလယ်တည့်တည်မှာ ကင်မရာကို ထည့်သွင်းထားပြီး ဘေးဘက်မှာ selfie ကင်မရာကို ထည့်သွင်းထားပါတယ်။

Lenovo Legion ကိုရေပြင်ညီပုံစံ ကိုင်တွယ်နိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ အတွက် ကင်မရာ နေရာချထားတဲ့ပုံစံက ထူးဆန်းနေပါတယ်။ Selfie ကင်မရာက pop-up ဖြစ်ပြီး Legion လိုဂို ထည့်သွင်းထားပါတယ်။ ဖုန်းကျောဘက် အလယ်တည့်တည့်မှာ dual-LED flash ပါဝင်လာပါတယ်။

Lenovo Legion ဖုန်းမှာ UFS 3.0 internal storage, LPDDR5 RAM နဲ့ screen refresh rate 144Hz ဖြစ်ကာ touch sampling ကတော့ 270Hz ရှိပါတယ်။ ဖုန်းမှာ Android 10 အခြေခံ ZUI 12 ကို အသုံးပြုထားဖွယ်ရှိကာ Legion OS အမည်နဲ့ ဖြန့်ချိနိုင်ပါတယ်။

Lenovo Legion အဓိက ကင်မရာကတော့ 64MP ကို 16MP ultrawide တွဲဖက်ပေးထားပါတယ်။ ရှေ့ကင်မရာကတော့ 20MP ဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။

စိုးထက်
Ref: GSMArena