ဒီဇိုင်းပိုင်း ပြင်ဆင်ထားတဲ့ maOS Big Sur ကို Apple မိတ်ဆက်

Apple ဟာ ကုမ္ပဏီရဲ့နောက်ဆုံးပေါ် deskop operating system ဖြစ်တဲ့ macOS Big Sur ကို မိတ်ဆက်ခဲ့ပါတယ်။ macOS Big Sur မှာ UI အသစ် ပါဝင်ပြီး အဓိက app တချို့ကို အပြောင်းအလဲ လုပ်ထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်က အထင်ကရနေရာတစ်ခု အစွဲပြုပြီး macOS အသစ်ကို Big Sur လို့ပေးထားတာ ဖြစ်တယ်။ macOS Big Sur မှာ အရောင်သစ်တွေ၊ ဖောက်ထွင်းမြင်နိုင်တဲ့ effect တွေနဲ့ လုံးဝန်းတဲ့ထောင့်အပြင် အလင်းဖောက်နိုင်တဲ့ menu bar နဲ့ app icon အသစ်တွေ ပါဝင်လာပါတယ်။ ဒါ့အပြင် sliders, checkbox နဲ့ ဒီဇိုင်းပြောင်း sheet နဲ့ အသံသစ်တွေလည်း ပါဝင်ငလာပါတယ်။

Big Sur မှာ iOS လိုမျိုး ခံစားရစေမယ့် Control Center အသစ်တစ်ခု ပါဝင်လာပါတယ်။ တချို့အရာတွေကို အလွယ်တကူ pin လုပ်နိုင်ပါတယ်။ Notification Center အသစ်လည်း ပါဝင်ပြီး နာရီဘေးထောင့်ကို နှိပ်လိုက်တာနဲ့ အလွယ်တကူ ပေါ်လာပါမယ်။ iOS စတိုင် သတိပေးချက်တွေ ပြသပေးပြီး iOS 14 စတိုင် widget interface အသစ်ကို မြင်တွေ့ရပါမယ်။

macOS Big Sur အဓိက application တွေကလည်း တိုးတက်လာပါတယ်။ Safari မှာဆိုရင် စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ start စာမျက်နှာသစ်၊ Reading List နဲ့ iCloud Tabs လိုမျိုး ကဏ္ဍတွေ ပါဝင်လာပါတယ်။ Safari က နိုင်ငံခြားဘာသာစကားကို ခြေရာခံပြီး ဘာသာပြန်ပေးနိုင်ပါတယ်။ Safari ဟာ Chrome ထက် ၅၀ ရာခိုင်နှုန်း ပိုမို မြန်ဆန်တယ်လို့ သိရပါတယ်။ ဘက်ထရီသက်တမ်းကလည်း ပိုကောင်းလာပြီး ဗီဒီယိုတွေကို ၃ နာရီကြည့်နိုင်ကာ Chrome ဒါမှမဟုတ် Firefox တို့နဲ့ နှိုင်းယှဉ်လိုက်ရင် တစ်နာရီထက် ကြာမြင့်ပြီး အင်တာနက်သုံးနိုင်တယ်။

macOS Big Sur ကို ဒီနှစ်ကုန်ပိုင်းမှာ ဖြန့်ချိပါမယ်။ အခုဆိုရင် developer beta ကိုဖြန့်ချိထားပါတယ်။ ဇူလိုင်လအတွင်း public beta ဖြန့်ချိပါမယ်။ macOS Big Sur ကို Macbook (၂၀၁၅ နောက်ပိုင်းထွက်ရှိ), MacBok Air (၂၀၁၃ နောက်ပိုင်း), MacBook Pro (၂၀၁၃ နှောင်းပိုင်းထွက်ရှိ), Mac mini (၂၀၁၄ နှောင်းပိုင်း), iMac (၂၀၁၄ နှောင်းပိုင်း) နဲ့ Mac Pro (၂၀၁၃ နှောင်းပိုင်း) ထုတ်ကုန်တွေမှာ အသုံးပြုနိုင်ပါမယ်။

စိုးထက်
Ref: GSMArena