ဒီဇိုင်းပိုင်း ပြင်ဆင်ထားတဲ့ သတင်းကဏ္ဍကို အမေရိကန်မှာ Facebook ဖြန့်ချိ

Facebook ဟာအမေရိကန်အတွက် ဒီဇိုင်းပိုင်းပြင်ဆင်ထားတဲ့ သတင်း tab ကိုဖြန့်ချိလိုက်ပါတယ်။ သတင်း tab မှာ ဒေသတွင်းသတင်းတွေကို အခြား topic တွေနဲ့ သီးခြားပြသထားပြီး ဂျော့ဖလွိုက်ဆိုတဲ့ ကဏ္ဍတစ်ခုလည်း ပါဝင်လာပါတယ်။

မိုဘိုင်းပေါ်က Facebook အတွင်း ဟမ်ဘာဂါ menu ကတစ်ဆင့် သတင်းကို ဖတ်နိုင်ပါတယ်။ Facebook ဟာ သတင်း tab ကို ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက စတင်စမ်းသပ်ခဲ့တယ်။ သတင်း tab မှာပါဝင်တဲ့ သတင်းတွေကို အခကြေးငွေနဲ့ ဖတ်ရှုနိုင်မယ်လို့ Facebook ကပြောခဲ့ပါတယ်။

Facebook News ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး အွန်လိုင်းအမေးအဖြေက တစ်ခုလုပ်ခဲ့ပါသေးတယ်။ အမေးအဖြေကဏ္ဍမှာ အယ်တာပိုင်းဆိုင်ရာနည်းဗျူဟာအပါအဝင် ပါဝင်မယ့် ထုတ်ဝေသူတွေနဲ့ သတင်းဌာနတစ်ခုက သတင်းကို ဘယ်လို မက်ထရစ်စနစ်နဲ့ ရွေးချယ်လဲဆိုတာလည်း ဖြေကြားပေးပါတယ်။

Facebook ကသတင်းတွေကို တင်ဆက်ပေးဖို့ လူသားအဖွဲ့တစ်ခု ခန့်အပ်ထားပြီး News Page Index လို့အမည်ရတဲ့ အစီအစဉ်ကတစ်ဆင့် သတင်းရင်းမြစ်တွေကို စိစစ်ပါတယ်။ Facebook နဲ့ပူးပေါင်းမယ့် ထုတ်ဝေသူတွေဆီမှာ ပရိသတ်များစွာရှိဖို့လိုပြီး ကုမ္ပဏီရဲ့ တည်ကြည်မှု စံချိန်စံညွှန်းကို ကျော်ဖြတ်ဖို့လိုတယ်လို့ သိရပါတယ်။

-စိုးထက်
Ref: TheVerge