ဒီဇိုင်းပိုင်းပြင်ဆင်ထားတဲ့ Google Analytics ကို Google ပြသ

Google ဟာ ဆယ်နှစ်ကျော် အချိန်ယူပြီး အကြီးမားဆုံး ပြင်ဆင်မှုလုပ်နေတဲ့ Google Analytics ကို ဖြန့်ချိပါတော့မယ်။ Google Analytics မှာ machine learning လုပ်ဆောင်ချက်အသစ်တွေနဲ့ ဝက်ဘ်အစီရင်ခံ၊ native integration နဲ့ privacy update တွေပါဝင်လာပါတယ်။

ဒီဇိုင်းသစ်ကြောင့် အချက်အလက်လေ့လာဆန်းစစ်မှုနဲ့ တိုင်းတာမှုက ခေတ်သစ်ချဉ်းကပ်မှုပုံစံ အသုံးပြုနိုင်မယ်လို့ Google ကပြောခဲ့ပါတယ်။ Google ဟာ App+ Web အခြေခံတည်ဆောက်ထားတဲ့ Google Analytics beta ဗားရှင်းကို မနှစ်က မိတ်ဆက်ခဲ့ပါတယ်။

Google Analytics အသစ်မှာ machine learning မော်ဒယ်အသစ်တွေပါဝင်ပြီး Analytics နဲ့ Google Ads အကြား ပေါင်းစပ်မှု အသစ်တွေပြုလုပ်နဲ့ အချက်အလက်စီမံဖို့ control အသစ်တွေလည်း ပါဝင်လာပါတယ်။

-စိုးထက်
Ref: ZDNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««