ဒီဇိုင်းနှင့် ဆန်းသစ်တီထွင်ခြင်းဆွေးနွေးပွဲ ပြုလုပ်

ဒီဇိုင်းနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေ မျှဝေပေးခဲ့တဲ့ ဆွေးနွေးပွဲကို စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက MICT Park ရှိ Kanaung Hub မှာပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ဒေါက်တာငြိမ်းချမ်းအောင်မှ Design Innovation ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“ဒီဇိုင်းကိုစိတ်ဝင်စားကြတဲ့ လူငယ်တွေကို ကျွန်တော်အားပေးပါတယ်၊ ဒါပေမဲ့ ဒီဇိုင်းလို့ စစဉ်းစားလိုက်တာနဲ့ ပုံအလှဆွဲတယ်လို့ မစဉ်းစားစေချင်ဘူး၊ ထူးခြားတဲ့ပညာရပ်တစ်ခု လူအပြုအမူကို ပြုပြင်ပေးနိုင်တဲ့ ပညာရပ်တစ်ခုလို့ ကျွန်တော်ကတော့ထင်တယ်၊ ပြီးတော့ ဖြစ်နိုင်ရင် Software နဲ့ Technology ကိုမရောစေချင်ဘူး၊ ဒီဇိုင်းကို အရင်ကျွမ်းအောင် သင်ယူလေ့လာစေချင်တယ်၊ ပြီးတော့မှ ကိုယ်စိတ်ဝင်စားတဲ့ Software ကိုအသုံးပြုသင့်ပါတယ်” လို့ ၎င်းကပြောကြားခဲ့ပါတယ်။

-အောင်သက်ကို