ဒီဇိုင်းနှင့်စီးပွားရေးဘာသာရပ်တက်ရောက်လိုသူများ Raffles International College ၏ Creative Talent Scholarships ကို ၅၀ ရာခိုင်နှုန်းအထိ လျှောက်ထားနိုင်

၂၀၂၀ ပညာသင်နှစ် အတွက် Raffles International College မှာတက်ရောက် ပညာသင်လိုသူတွေအနေနဲ့ ၅၀% အထိပေးအပ်မယ့် Creative Talent Scholarships ပညာသင်ဆုကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်ထားလိုသူတွေကို မတ်လ ၇ ရက်၊ နံနက် ၁၀ နာရီခွဲမှ ၃ နာရီခွဲ အထိ AT&S (Overseas Education Services) အဆောင်-၅၊ အခန်း-၄၊ MICT Park၊ လှိုင်မြို့နယ်မှာ Raffles မှတာဝန်ရှိသူကိုယ်တိုင် တစ်ဦးချင်း အသေးစိတ် ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

Fashion Design၊ Graphic Design၊ Interior Design၊ Jewellery Design၊ Product Design၊ Games Design၊ Animation Design၊International Fashion Business၊ Fashion Marketing၊ Business Administration၊ Accounting and Finance၊ Supply Chain and Logistics Operations၊Tourism and Hospitality Management စတဲ့ဘာသာရပ်တွေလေ့လာနိုင်ပြီး မြန်မာနိုင်ငံမှ အခြေခံပညာအောင်မြင်ပြီးသူတွေ၊ IGCSE အောင်မြင်ထားသူတွေ အနေနဲ့ Diploma ၆ လစတင်တက်ရောက်ရမှာ ဖြစ်ပါတယ်။ ထိုမှတစ်ဆင့် Advance Diploma ၁၈ လတက်ရောက်ပြီး သက်ဆိုင်ရာဘွဲ့ဒီဂရီတွေကို တစ်နှစ် ဆက်လက်တက်ရောက်ရမှာဖြစ်ပါတယ်။

အင်္ဂလိပ်စာအတွက် IELTS (5.5) နဲ့ ညီမျှတဲ့ ရလဒ်ရှိထားရမှာဖြစ်ပြီး အင်္ဂလိပ်စာ မရှိသေးပါက English Placement Test ဖြေဆိုကာ Raffles အင်္ဂလိပ်စာတန်းသို့ တက်ရောက်နိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက – အဆောင် (၅) အခန်း (၄) ၊ MICT ၊ လှိုင်တက္ကသိုလ်နယ်မြေ၊လှိုင်မြို့နယ်။ ဖုန်း (၀၁-၆၅၂၃၂၀၊ ၀၉-၅၀၆၂၁၆၁ နဲ့ ၀၉-၇၇၇၂၂၃၂၂၅ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။