ဒီဇိုင်းသစ် punch hole display နဲ့အတူ ပွဲထွက်လာတဲ့ Nokia X71

HMD Global ဟာ ထိုင်ဝမ်မှာ Nokia 9 PureView နဲ့အတူ Nokia X71 ကို မိတ်ဆက်သွားခဲ့ပါတယ်။ Nokia X71 ဟာ punch hole display ပါဝင်တဲ့ ပထမဆုံး Nokia အမှတ်တံဆိပ်ထုတ်ကုန် ဖြစ်ပါတယ်။

Nokia X71 မှာ ၆.၃၉ လက်မ FHD+ display နဲ့ screen to body အချိုးအစားက ၉၃ ရာခိုင်နှုန်းရှိပြီး punch hole မှာ 16MP selfie ကင်မရာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Snapdraong 660 နဲ့ RAM 6GB နဲ့ storage 128GB အပြင် microSD ကတ်ကတစ်ဆင့် 256GB အထိ တိုးချဲ့နိုင်ပါတယ်။

ကျောဘက်မှာ Zeiss အမှတ်တံဆိပ် ကင်မရာ ၃ လုံးစနစ် ပါဝင်လာပါတယ်။ အဓိက ကင်မရာမှာ 48MP, 8MP (wide) နဲ့ 5MP (depth) တို့ဖြစ်ပါတယ်။ ကင်မရာတွေရဲ့ဘေးဘက်မှာ flash ပါဝင်ပြီး fingerprint sensor လည်းထည့်သွင်းထားပြီး 3.5mm headphone jack ပါဝင်လာပါတယ်။

Nokia X71 ဟာ Android One အစီအစဉ်ထဲပါဝင်ပြီး Android 9.0 Pie ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 3,500 mAh ဖြစ်ပြီး 18W fast charger ကတစ်ဆင့် အားသွင်းနိုင်ပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၃၈၅ ဖြစ်ပြီး ဧပြီလ ၃၀ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကို Nokia 8.1 Plus အမည်နဲ့ ဖြန့်ချိသွားမယ်လို့ ကောလာဟလထွက်ပေါ်နေပါတယ်။

စိုးထက်
Ref: GSMArena