ဒီဇိုင်းလှပတဲ့ Android Wear စမတ်နာရီကို Skagen မိတ်ဆက်

လှပတဲ့ analog နာရီတွေနဲ့ လူသိများတဲ့ ဒိန်းမတ်နာရီအမှတ်တံဆိပ် Skagen ဟာ Falster လို့ခေါ်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး touchscreen စမတ်နာရီကို ပွဲထုတ်မိတ်ဆက်လိုက်ပါတယ်။

Falster ဟာ ဒီဇိုင်းလှပတဲ့ စမတ်နာရီတွေထဲက တစ်ခုဖြစ်ပြီး စမတ်နာရီရဲ့ဒီဇိုင်းက ရိုးရှင်းခေတ်မီပါတယ်။

Falster မှာ Android Wear ကို အသုံးပြုထားတာကြောင့် Android ရော iOS ထုတ်ကုန်တွေနဲ့ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Falster ကို Google Assistant နဲ့အသုံးပြုနိုင်သလို watch face တွေကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ ဒီစမတ်နာရီမှာ Qualcomm ရဲ့ Snapdragon Wear 2100 processor ကို အသုံးပြုထားပါတယ်။

Falster ရဲ့တန်ဖိုးက ၂၇၅ ဒေါ်လာကနေ ၂၉၅ ဒေါ်လာအထိ ကျသင့်နိုင်ပြီး ဇန်နဝါရီလမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: AndroidAuthority