ဒီဇိုင္းပိုင္း ထပ္မံေျပာင္းလဲလိုက္တဲ့ Snapchat

[Zawgyi]

Snapchat ဟာ iOS သုံးစြဲသူေတြအတြက္ ဒီဇိုင္းပုိင္း ျပန္လည္ျပင္ဆင္ထားတဲ့ app ကို စတင္ျဖန္႔ခ်ိသြားမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကုန္ပုိင္းက Snapchat ဟာ ဒီဇိုင္းပုိင္းျပင္ဆင္ထားတဲ့ app ျဖန္႔ခ်ိခဲ့ေပမယ့္ ပရိသတ္ေတြက အျပင္းအထန္ ေဝဖန္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ လူေပါင္း ၁.၂ သန္းဟာ Snapchat က ဒီဇိုင္းသစ္ကို မူလအေျခအေနအတုိင္း ျပန္လည္ေျပာင္းလဲဖို႔ တရားဝင္ ေမတၱာရပ္ခံေတာင္းဆိုခဲ့ပါတယ္။ Snapchat က သုံးစြဲသူမ်ားစြာအတြက္ အဆင္မေျပတဲ့ ဒီဇိုင္းသစ္ကို အေျပာင္းအလဲျပဳလုပ္ဖို႔ ေတာင္းဆိုခ်က္ေတြကုိ လိုက္ေလ်ာဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

အခုစာမ်က္ႏွာဖြဲ႕စည္းပုံသစ္က Snap ေတြနဲ႔ Chat ေတြကို ႏွစ္ကာလအလိုက္ ျပန္စီေပးထားၿပီး သူငယ္ခ်င္းေတြဆီက Stories ေတြကို app ရဲ႕ညာဘက္ျခမ္းမွာ ေရႊ႕ေျပာင္းေဖာ္ျပထားပါတယ္။ သုံးစြဲသူေတြက app ကုိဖြင့္လိုက္ရင္ ကင္မရာေပၚလာမွာ ျဖစ္တာေၾကာင့္ ညာဘက္ screen မွာ သူငယ္ခ်င္းေတြရဲ႕ content ကုိ ၾကည့္ႏိုင္ဖို႔ ဘယ္ဘက္ကုိ swipe အလြယ္တကူ ျပဳလုပ္ႏိုင္ပါတယ္။

အရင္ကထြက္ရွိတဲ့ဒီဇိုင္းလိုပဲ သူငယ္ခ်င္းေတြရဲ႕ Stories ကို သီးျခားခြဲထားပါတယ္။ Snap အေနနဲ႔ နာမည္ေက်ာ္သူေတြနဲ႔ ထုတ္ေဝသူေတြဆီက Stories အတြက္ အလြယ္တကူ ရွာေဖြႏိုင္မယ့္ သီးျခား Subscriptions feed တစ္ခုကိုလည္း ထည့္သြင္းထားပါေသးတယ္။

Snap ရဲ႕စာမ်က္ႏွာဖြဲ႔စည္းမႈအသစ္ ေျပာင္းလဲအၿပီး ပထမသုံးလပတ္မွာ ကမ႓ာတစ္ဝန္း သုံးစြဲသူေတြ ျမင့္တက္လာေပမယ့္လည္း တစ္ဦးခ်င္းသုံးစြဲသူေတြရဲ႕ ေငြေၾကးသုံးစြဲမႈ ေလ်ာ႔က်သြားပါတယ္။ အခုဒီဇိုင္းအေျပာင္းအလဲကုိ ေမလ ၁ ရက္ ကုမၸဏီရဲ႕ ပထမဆုံးသုံးလပတ္ ဝင္ေငြအစီရင္ခံစာ အစည္းအေဝးအတြင္းမွာ Snap အမႈေဆာင္အရာရွိခ်ဳပ္ အီဗန္စပီဂယ္က ပထမဆုံး ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ပါတယ္။

စိုးထက္
Ref: TheVerge

 

[Unicode]

Snapchat ဟာ iOS သုံးစွဲသူတွေအတွက် ဒီဇိုင်းပိုင်း ပြန်လည်ပြင်ဆင်ထားတဲ့ app ကို စတင်ဖြန့်ချိသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက Snapchat ဟာ ဒီဇိုင်းပိုင်းပြင်ဆင်ထားတဲ့ app ဖြန့်ချိခဲ့ပေမယ့် ပရိသတ်တွေက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ ဒါကြောင့် လူပေါင်း ၁.၂ သန်းဟာ Snapchat က ဒီဇိုင်းသစ်ကို မူလအခြေအနေအတိုင်း ပြန်လည်ပြောင်းလဲဖို့ တရားဝင် မေတ္တာရပ်ခံတောင်းဆိုခဲ့ပါတယ်။ Snapchat က သုံးစွဲသူများစွာအတွက် အဆင်မပြေတဲ့ ဒီဇိုင်းသစ်ကို အပြောင်းအလဲပြုလုပ်ဖို့ တောင်းဆိုချက်တွေကို လိုက်လျောဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခုစာမျက်နှာဖွဲ့စည်းပုံသစ်က Snap တွေနဲ့ Chat တွေကို နှစ်ကာလအလိုက် ပြန်စီပေးထားပြီး သူငယ်ချင်းတွေဆီက Stories တွေကို app ရဲ့ညာဘက်ခြမ်းမှာ ရွှေ့ပြောင်းဖော်ပြထားပါတယ်။ သုံးစွဲသူတွေက app ကိုဖွင့်လိုက်ရင် ကင်မရာပေါ်လာမှာ ဖြစ်တာကြောင့် ညာဘက် screen မှာ သူငယ်ချင်းတွေရဲ့ content ကို ကြည့်နိုင်ဖို့ ဘယ်ဘက်ကို swipe အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

အရင်ကထွက်ရှိတဲ့ဒီဇိုင်းလိုပဲ သူငယ်ချင်းတွေရဲ့ Stories ကို သီးခြားခွဲထားပါတယ်။ Snap အနေနဲ့ နာမည်ကျော်သူတွေနဲ့ ထုတ်ဝေသူတွေဆီက Stories အတွက် အလွယ်တကူ ရှာဖွေနိုင်မယ့် သီးခြား Subscriptions feed တစ်ခုကိုလည်း ထည့်သွင်းထားပါသေးတယ်။

Snap ရဲ့စာမျက်နှာဖွဲ့စည်းမှုအသစ် ပြောင်းလဲအပြီး ပထမသုံးလပတ်မှာ ကမ႓ာတစ်ဝန်း သုံးစွဲသူတွေ မြင့်တက်လာပေမယ့်လည်း တစ်ဦးချင်းသုံးစွဲသူတွေရဲ့ ငွေကြေးသုံးစွဲမှု လျော့ကျသွားပါတယ်။ အခုဒီဇိုင်းအပြောင်းအလဲကို မေလ ၁ ရက် ကုမ္ပဏီရဲ့ ပထမဆုံးသုံးလပတ် ဝင်ငွေအစီရင်ခံစာ အစည်းအဝေးအတွင်းမှာ Snap အမှုဆောင်အရာရှိချုပ် အီဗန်စပီဂယ်က ပထမဆုံး ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge