ဒီဇင်ဘာ ၄ ရက်မှာ Disney Plus သုံးစွဲသူအားလုံး ကြည့်နိုင်မယ့် Mulan

Disney Plus လစဉ်ကြေးပေးသွင်းကြည့်ရှုသူတွေဟာ စက်တင်ဘာ ၄ ရက်မှာ ဖြန့်ချိမယ့် Mulan ဇာတ်ကားကို ကြည့်မယ်ဆိုရင် ဒေါ်လာ ၃၀ ထပ်ဆောင်းပေးရပါမယ်။ Mulan ဇာတ်ကားကို ၂၀၂၀ ဒီဇင်ဘာ ၄ ရက်မှာတော့ Disney Plus သုံးစွဲသူ အားလုံးဆီ ဖြန့်ချိပေးမယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။

Disney Plus က Mulan အတွက် FAQ စာမျက်နှာမှာတော့ ၂၀၂၀၊ နိုဝင်ဘာ ၂ ရက်အထိ Premier Access ကိုကမ်းလှမ်းသွားမယ်လို့ ဖော်ပြထားပါတယ်။ Disney Plus ဟာ Mulan ဇာတ်ကားကို ကနဦးဖြန့်ချိမှုနဲ့ အများပြည်သူဆီ ဖြန့်ချိမှုကို ၃ လအတွင်း ပြုလုပ်မှာ ဖြစ်ပါတယ်။ Mulan ဟာ Disney သမိုင်းတစ်လျှောက်အတွင်း ကာလတိုရုပ်ရှင် ဖြစ်လာပါတယ်။ ပုံမှန်အတိုင်းဆို Disney Plus ဆီက ရုပ်ရှင်ထွက်လာဖို့ လပေါင်းများစွာ စောင့်ဆိုင်းရပါတယ်။

ဒါပေမဲ့လည်း ကပ်ရောဂါကြောငင့် Disney ကလည်း အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ အပြောင်းအလဲလုပ်လာပါတယ်။

-စိုးထက်
Ref: TheVerge

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««