
လွန်ခဲ့တဲ့ ၃ နှစ်က Adobe က ၂၀၂၀ နှစ်ကုန်ပိုင်းမှာ Flash Player ထောက်ပံ့မှုကို အဆုံးသတ်မယ်လို့ ကြေညာခဲ့ဖူးပါတယ်။
Adobe က Flash အဆုံးသတ်မယ့်ရက်က ၂၀၂၀၊ ဒီဇင်ဘာ ၃၁ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၃၁ ကို ကျော်လွန်သွားတာနဲ့ Adobe က Flash အတွက် လုံခြုံရေး patch တွေကို ဖြန့်ချိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သုံးစွဲသူတွေက uninstall လုပ်ကြဖို့ အကြံပြုထားပါတယ်။
Adobe ရဲ့တရားဝင်ဝက်ဘ်ဆိုက်ပေါ်က သိမ်းဆည်းထားတဲ့ Flash Player ဗားရှင်းတွေအားလုံးကိုလည်း ဖယ်ရှားပါမယ်။ Flash အခြေခံ content တွေကို ပိတ်သွားမယ်လို့ သိရပါတယ်။
စိုးထက်
Ref: GSMArena