ဒီဇင်ဘာ ၂ ရက် ထွက်ရှိမယ့် Nvidia GeForce RTX 3060 Ti

Nvidia ကတော့ ဒေါ်လာ ၃၉၉ ကျသင့်မယ့် GeForce RTX 3060 Ti ကတ်ကို မိတ်ဆက်ခဲ့ပါတယ်။ RTX 3000 စီးရီးကတော့ ဈေးနှုန်းလည်း သက်သာပါတယ်။ RTX 3060 Ti ကတော့ RTX 2080 နဲ့ RTX 2080 Super ထက် စွမ်းဆောင်ရည် ပိုကောင်းအောင် ဒီဇိုင်း ထုတ်ထားတယ်လို့ Nvidia က ပြောထားပါတယ်။ အရင်မျိုးဆက် RTX 2060 Super ထက် ၄၀ ရာခိုင်နှုန်း ပိုမြန်ပါတယ်။

RTX 3060 Ti ကိုတော့ ဒီဇင်ဘာ ၂ ရက်မှာ ၃၉၉ ဒေါ်လာနဲ့ ရောင်းချပါမယ်။ ကတ်ဒီဇိုင်းက RTX 2070 နဲ့အရွယ်ရော ပုံစံရော တူပါတယ်။ အဓိက ကွာခြားချက်က လက်ရှိ RTX 3060 Ti အရောင်က အနက်ရောင်ဖြစ်နေတာပါပဲ။

RTX 3060 Ti မှာတော့ ဗီဒီယို memory 8GB နဲ့ base clock 1410Mhz နဲ့ boost clock 1665Mhz ပါဝင်လာပါတယ်။ Dual-slot ဒိဇိုင်း အသုံးပြုထားပြီး ပါဝါချိတ်ဆက်ဖို့ Nvidia ရဲ့ ပင် ၁၂ ခု အသုံးပြုထားပါတယ်။

Nvidia က RTX 3060 Ti အတွက် 600W စွမ်းအင်ထောက်ပံ့ထားပြီး စွမ်းအင် ဝပ် ၂၀၀ အထိ သုံးပါတယ်။အခြား Nvidia RTX 3000 ကတ်တွေလိုပဲ ray tracing နဲ့ DLSS ထောက်ပံ့မှုအပြင် RTX app တွေပါဝင်တဲ့ suit ကိုလည်း အသုံးပြုနိုင်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««