ဒီဇင်ဘာ ၂၉ ရက်မှာ Zeiss နဲ့ပူးပေါင်းထားတဲ့ vivo X60 မိတ်ဆက်မယ်

Vivo X60 ကိုတော့ ဒီဇင်ဘာ ၂၉ ရက်မှာ တရားဝင် မိတ်ဆက်ပါမယ်။ Vivo X60 Pro စမတ်ဖုန်းမှာတော့ Exynos 1080 ချစ်ပ် ပထမဆုံး အသုံးပြုထားပါမယ်။

ဒါ့အပြင် vivo ဟာ ဂျာမန်ကုမ္ပဏီ Zeiss နဲ့လည်း ပူးပေါင်းသွားပါမယ်။ vivo X60 ကတော့ ၂၀၂၀ အကုန်မှာ နောက်ဆုံးထွက်လာမယ့် ဖုန်းတွေထဲက တစ်မျိုး ဖြစ်ပါတယ်။ vivo X60 မှာ Samsung 5nm ချစ်ပ်အသစ် အသုံးပြုထားပြီး Android kernel မှာ တည်ဆောက်ထားတဲ့ vivo ကိုယ်ပိုင် OS အသစ် OriginOS နဲ့လည်း ပွဲထွက်လာပါမယ်။ vivo ဟာ X50 မော်ဒယ်အတွက် ဖုန်း ၃ မျိုး မိတ်ဆက်ခဲ့ပါတယ်။ X60 မှာလည်း ဖုန်း ၃ မျိုးမိတ်ဆက်ဖွယ်ရှိပါတယ်။ ပိုစတာမှာတော့ ဖုန်း ၃ မျိုးအကြား ကင်မရာဒီဇိုင်း ၂ မျိုးပါဝင်တာ တွေ့ရပါတယ်။

vivo X60 ဖုန်းတွေမှာ ပယ်ရီစကုပ် lens မပါသေးပါဘူး။ X60 ဖုန်းတွေက ဘယ်လိုပုံစံနဲ့ ပွဲထွက်လာမလဲ ဆိုတာကိုတော့ ဒီဇင်ဘာ ၂၉ ရက်မှာ စောင့်ကြည့်ရပါမယ်။

-စိုးထက်
Ref: GSMArena

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««