ဒီဇင်ဘာ ၁ ရက်တွင် Virtual စနစ်ဖြင့်ကျင်းပမည့် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကို ဒီဇင်ဘာ ၁ ရက် ညနေ ၅ နာရီမှစတင်ကာ မြန်မာ့ရုပ်မြင်သံကြား နှင့် မြန်မာအသံရေဒီယိုတို့မှ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပြီး MRTV Live နဲ့ ရန်ကုန်တက္ကသိုလ် Facebook Page များမှတစ်ဆင့် Live Streaming ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

အခမ်းအနားကို ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင့်းသဘင်ခန်းမမှာ ကျင်းပပြုလုပ်မှာ မဟုတ်ဘဲ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြည်လမ်း၊ ရန်ကုန်မြို့ရှိ စတူဒီယို (၁) တွင် ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဥ် Virtual စနစ်နဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အခမ်းအနား အစီအစဥ်များကို ကြိုတင်ရိုက်ကူးထားပြီး နည်းပညာအသုံးပြု ချိတ်ဆက်ကာ MRTV က ရိုက်ကူးထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁ ရက် ည ၉ နာရီမှာလည်း ရန်ကုန်တက္ကသိုလ် ရာပြည့်ဂုဏ်ပြု အခြားအစီအစဥ်တွေနဲ့အတူ ထပ်မံ ထုတ်လွှင့်ပြသွားမှာဖြစ်ပြီး အဆိုပါ အစီအစဥ်တွေကို MNTV, Channel 9, DVB, Mizzima, YTV ရုပ်သံလိုင်း များနဲ့ MOI Webportal Myanmar Facebook Page, Myanmar Digital News Facebook Page နဲ့ Padamyar FM Broadcasting Page တို့မှလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««