ဒီဇင်ဘာ ၁၂ ရက်မှာ မိတ်ဆက်မယ့် Samsung Galaxy A (2020)

Samsung ဟာ ဒီဇင်ဘာ ၁၂ ရက်မှာ Galaxy A (2020) စီးရီးရဲ့ ပထမဆုံးမော်ဒယ်ကို မိတ်ဆက်ပြသဖွယ် ရှိပါတယ်။ ထုတ်ကုန်သစ်မိတ်ဆက်မယ့် သတင်းကို ဗီယက်နမ် Samsung ရုံးခွဲက အတည်ပြုခဲ့ပါတယ်။ YouTube မှာလည်း ဗီဒီယိုအတိုလေး မိတ်ဆက်ထားပါတယ်။ အသစ်ထွက်ရှိမယ့် Galaxy A(2020) မှာ punch-hole display နဲ့ ကျောဘက်မှာ ကင်မရာသစ် အမျိုးမျိုး ပါဝင်လာပါတယ်။

Samsung အနေနဲ့ ဒီဇင်ဘာလ ၁၂ ရက်မှာ ဘာစမတ်ဖုန်းအမျိုးအစား မိတ်ဆက်မလဲဆိုတာ မသိသေးပါဘူး။ Samsung က Galaxy A51 နဲ့ A71 ကိုလည်း မိတ်ဆက်နိုင်ပါတယ်။ ပြီးခဲ့တဲ့လက Galaxy A51 နဲ့ Galaxy A71 စမတ်ဖုန်း သရုပ်ဖော်ပုံတွေ ထွက်ပေါ်လာပါတယ်။ ဖုန်းရဲ့ရှေ့ဘက်မှာ punch-hole display နဲ့ကျောဘက်မှာ L ပုံသဏ္ဍာန် ကင်မရာ ၄ လုံးပါဝင်လာတာ တွေ့ရပါတယ်။

စိုးထက်
Ref: GSMArena