
OPPO ကတော့ ကောလာဟလထွက်နေတဲ့ Reno5 စီးရီးကို ဒီဇင်ဘာ ၁၀ ရက်မှာ မိတ်ဆက်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်မှာ မိတ်ဆက်မယ့် Reno5 ဖုန်း Diamond Glow စီးရီး ပွဲထွက်လာမယ်လို့ အမြည်း ဗီဒီယိုမှာ ဖော်ပြခဲ့ပါတယ်။
အခုအခါမှာလည်း OPPO က Reno5 စီးရီးဖုန်း ဒီဇိုင်းနဲ့ အချက်အလက်အချို့ကို အတည်ပြုခဲ့ပါတယ်။ ပုံတွေကိုတော့ OPPO တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ Reno5 စီးရီးမှာ Reno5 5G, Reno5 Pro 5G နဲ့ Reno5 Pro+ 5G ဖုန်းတွေပါဝင်လာပါတယ်။ OPPO ကတော့ ဝက်ဘ်ဆိုက်ထဲမှာ Reno 5 နဲ့ Pro မော်ဒယ်ကိုပဲ ထည့်ထားပါတယ်။
Reno5 5G နဲ့ Reno5 Pro 5G ဖုန်းကျောဘက်မှာ 64MP ကင်မရာ ၄ လုံးနဲ့ punch hole ပါတဲ့ display အသုံးပြုထားပါတယ်။ ပုံမှန်မော်ဒယ်မှာ flat မျက်နှာပြင်နဲ့ Pro မှာတော့ မျက်နှာပြင်ကွေး သုံးထားတယ်။စမတ်ဖုန်း ၂ မျိုးစလုံးကတော့ 65W အထိ အားသွင်းနိုင်ပြီး ဘက်ထရီပမာဏကိုတော့ OPPO ကမပြောသေးပါဘူး။
OPPO အနေနဲ့ Reno5 ဖုန်း ၂ မျိုးကို JD.com ကနေ ကြိုတင်မှာယူနိုင်ပြီလို့လည်း အတည်ပြုခဲ့ပါတယ်။ Reno 5 ဖုန်းတွေက 8GB/128GB နဲ့ 12GB/256GB မော်ဒယ်၂ မျိုး ထွက်လာပါမယ်။
-စိုးထက်
Ref: GSMArena
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««