ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အားရပ်ဆိုင်း

ဒီဇင်ဘာ ၆ ရက်မှာ တစ်ကမ္ဘာလုံး တစ်ပြိုင်နက်တည်း ကျင်းပဖို့ စီစဉ်ထားတဲ့ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ကို ရပ်ဆိုင်းလိုက်တယ်လို့သိရပါတယ်။

စာမေးပွဲကို မြန်မာနိုင်ငံမှာကျင်းပခြင်းနဲ့ ပတ်သက်ပြီး COVID-19 ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေကြောင့် စာဖြေဌာနတွေကို ပြင်ဆင်ဖို့ အခက်အခဲများစွာရှိတဲ့အတွက် စာမေးပွဲကျင်းပခြင်းအား ရပ်ဆိုင်းလိုက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

စာမေးပွဲကြီးမှူးကျင်းပတဲ့ အဖွဲ့အစည်းအနေနဲ့ စာမေးပွဲကျင်းပနိုင်ခြင်း မရှိခြင်းကို စက်တင်ဘာ ၂၃ ရက်က ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာနဲ့ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««