ဒီဇင်ဘာ ၃၁ ရက်နေ့က Telenor ဖြင့် SMS ပေးပို့မှု ၂.၂ သန်းကျော်ရှိ

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီကနေ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက် မနက် ၂ နာရီအတွင်း စာတိုပေးပို့မှု အရေအတွက် ၂.၂ သန်းကျော် ရှိခဲ့တယ်လို့ Telenor ကပြောကြားပါတယ်။

ပြီးခဲ့တဲ့ ကာလတိုအတွင်းက စာတိုပေးပို့မှုက ၁.၄ သန်းကျော်ရှိခဲ့ပြီး ဒီနှစ်ရရှိတဲ့အရေအတွက်ဟာ အရင်နှစ်ကထက် ၁၅၇ ရာခိုင်နှုန်း ပိုများခဲ့တယ်လို့ ဆိုပါတယ်။ နှစ်သစ်မကူးမီ စာတိုပေးပို့မှု အမြင့်မားဆုံး အချိန်ကာလအတွင်း စာတိုပေးပို့မှုနှုန်းဟာ ပုံမှန်နေ့စဉ် ပေးပို့နေကြတာတွေထက် ၂၀၈ ရာခိုင်နှုန်း ပိုမိုများပြားတယ်လို့ ကုမ္ပဏီရဲ့ အချက်အလက်ဆန်းစစ်မှုက ဖော်ပြပါတယ်။ နှစ်သစ်ကူး ကာလ အသုံးပြုမှု အများဆုံး အချိန်ကာလအတွင်းမှာ Facebook သုံးစွဲမှုအနေနဲ့ နေ့စဉ်ပျှမ်းမျှသုံးစွဲမှု ပမာဏထက် ၄၀ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ပြီး Viber နဲ့ Beetalk တို့အပါအဝင် အခြားအင်တာနက် အသုံးပြုမှုနှုန်းမှာ နေ့စဉ်ပျှမ်းမျှသုံးစွဲမှုထက် ၂၉ ရာခိုင်နှုန်း ပိုမိုများပြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ မိုဘိုင်းသုံးစွဲသူတွေရဲ့ နေ့စဉ်ဒေတာအသုံးပြုမှု အခြေအနေဟာ ဖွံ့ဖြိုးပြီး နိုင်ငံများမှ သုံးစွဲမှုနှုန်းတွေနဲ့ အလားတူ ဖြစ်နေကြာင်း၊ ဒီနှစ် နှစ်ကူးကာလမှာ Facebook အသုံးပြုမှု မြင့်မားလာတဲ့ ရာခိုင်နှုန်းဟာ အလွန်သိသာထင်ရှားတဲ့ နှုန်းတစ်ခုဖြစ်ကြောင်း Telenor ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Lars Erik Tellmann ကပြောပါတယ်။

-ထွန်းထွန်း