ဒီစီမြို့ လူထုအုံကြွမှုအတွင်း ထရမ့် အကောင့်ကို Twitter နဲ့ Facebook ပိတ်ထား

Twitter ဟာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ပထမဆုံးအကြိမ် အဖြစ် သမ္မတထရမ့်အကောင့်ကို ပိတ်ခဲ့ပါတယ်။ ဝါရှင်တန်ပြည်နယ်မှာ မငြိမ်မသက်မှုနဲ့ အကြမ်းဖက်မှု ဖြစ်ပေါ်တဲ့နေ့မှာပဲ သမ္မတထရမ့်ရဲ့ အကောင့်ကို ဒဏ်ခတ်မှုအဖြစ် ပိတ်လိုက်တာ ဖြစ်ပါတယ်။

Twitter ဟာ ထရမ့်အကောင့် ပိတ်ပင်မှုကို ၁၂ နာရီအထိ ပြုလုပ်ခဲ့ပြီး tweet ၃ ခုကို ပယ်ဖျက်ခဲ့ပါတယ်။ ထရမ့်အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ အခြေအမြစ်မရှိတဲ့ ပူးပေါင်းကြံစည်မှု သီအိုရီနဲ့ အကြမ်းဖက်မှု လှုံ့ဆော်တာတွေ ဆက်တင်နေရင် အကောင့်ကို ရာသက်ပန် ပယ်ဖျက်မယ်လို့ Twitter က သတိပေးခဲ့ပါတယ်။

Facebook ကလည်း သမ္မတထရမ့် အကောင့်ကို ပထမဆုံးအကြိမ် အဖြစ် ၂၄ နာရီတိုင် ပိတ်ပင်ခဲ့ပါတယ်။ ထရမ့်အကောင့် ပေါ်လစီ ၂ ခုကို ချိုးဖောက်ခဲ့တယ်လို့ Facebook ကပြောခဲ့ပါတယ်။ Facebook ပိုင် Instagram ကလည်း ထရမ့်ကို ပိတ်ပင်ထားခဲ့ပါတယ်။

-စိုးထက်
Ref: WashintonPost

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««