ဒီဂျစ်တယ်မှာပဲ ကျင်းပသွားမယ့် CES 2021 ပွဲ

နှစ်စဉ်ပြုလုပ်နေကျ CES 2021 ကတော့ စတင်ဖို့ တစ်လတောင် မလိုတော့ပါဘူး။ အခုဆိုရင် ပွဲစီစဉ်သူတွေက တစ်ကမ္ဘာလုံး ပူးပေါင်းပါဝင်သူအတွက် ဒီဂျစ်တယ် အတွေ့အကြုံ ပေးသွားပါမယ်။ Consumer Technology Association (CTA) က CES ပွဲကိုတော့ ပထမဆုံး ဒီဂျစ်တယ်ကွန်ဖရင့်အဖြစ် ကျင်းပမယ့် အစီအစဉ်တွေကို ထုတ်ပြန်လိုက်ပါတယ်။

CES 2021 ပွဲကိုတာ့ ဇန်နဝါရီ ၁၁ ရက်မှာ စတင်ပြုလုပ်ပါမယ်။ အဲဒီနေ့မှာ မီဒီယာတွေက CES ပြပွဲမှာ ပါဝင်သူ ၂၀ ကျော်ရဲ့ သီးသန့် သတင်းစာရှင်းလင်းပွဲကို သတင်းယူခွင့် ရရှိပါမယ်။ ပြီးရင်တော့ စာရင်းသွင်းထားတဲ့ ပွဲတက်သူတွေအတွက် ဒီဂျစ်တယ်ပွဲ စတင်ဖွင့်လှစ်ပြီး Verizon စီအီးအို ဟန်ဗက်ဘာ့က မိန့်ခွန်းပြောပါမယ်။

ပြပွဲဝင်သူတွေက ကုန်ပစ္စည်းသစ်တွေနဲ့ ကွန်ဖရင့်တွေကို ဇန်နဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ပြုလုပ်ပါမယ်။ ဇန်နဝါရီ ၁၄ ရက်မှာတော့ CES ပူးပေါင်းမှု ဒီဂျစ်တယ် အစီအစဉ်ကိုပဲ အသားပေးပြုလုပ်ပါမယ်။

-စိုးထက်
Ref: TVTechnology

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««