ဒီဂျစ်တယ်ပိုက်ဆံ ယွမ် သန်း၂၀ တရုတ်ဖြန့်ဝေ

တရုတ်အွန်လိုင်း ကုန်စည်ရောင်းချရေးကုမ္ပဏီ JD.com ကတော့ တရုတ်က ဖြန့်ထားတဲ့ ဒီဂျစ်တယ် ပိုက်ဆံတွေကို လက်ခံမယ့် ပထမဆုံး အွန်လိုင်း platform ဖြစ်လာပါတယ်။

တရုတ်နိုင်ငံက ရှန်ဟိုင်းမြို့အနောက်ဘက် ၆၅ မိုင်ဝေးတဲ့ ဆူကျိုးမြို့မှာ ဒီဂျစ်တယ်ယွမ်ပိုက်ဆံကို စမ်းသပ်ဖြန့်ချိခဲ့ပြီးနောက် အခုကြေညာချက် ထွက်လာပါတယ်။

တရုတ် ယွမ်သန်း ၂၀ (အမေရိကန်ဒေါ်လာ ၃ သန်း) ဒီဂျစ်တယ်ပိုက်ဆံတွေကို ထီကနေ တစ်ဆင့် ရယူနိုင်မယ်လို့ JD Digits ရဲ့ WeChat post မှာတင်ထားပါတယ်။ ထီပေါက်သူတွေက app တစ်ဆင့် ဒီဂျစ်တယ်ပိုက်ဆံ ယွမ် ၂၀၀ ပါတဲ့ “အန်ပေါင်း” ကိုရရှိပါမယ်။ အန်ပေါင်း အိတ်နီ ထောင်ပေါင်းများစွာ ဖြန့်ချိသွားပါမယ်။

ဒီဂျစ်တယ်ယွမ်ပိုက်ဆံတွေကို JD.com အွန်လိုင်းရှော့ပင်းမှာ ပြန်သုံးနိုင်ပါတယ်။

တရုတ်ဟာ ဒီဂျစ်တယ်ပိုက်ဆံ ပမာဏများစွာ ဖြန့်ချိနေတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အောက်တိုဘာလအတွင်း ဒီဂျစ်တယ်ယွမ် ၁၀ သန်းကိုတော့ တရုတ်နည်းပညာမြို့တော် ရှန်းဇန့်မှာ ထီကနေ တစ်ဆင့် နိုင်ငံသားတွေဆီ ဖြန့်ဖြူးပေးခဲ့ပါတယ်။

ဗဟိုဘဏ်က ထိန်းချုပ်ထားတဲ့ ပိုက်ဆံကတော့ bitcoin ဒါမှမဟုတ် Facebook ဒီဂျစ်တယ်ပိုက်ဆံ Libra နဲ့မတူပါဘူး။ ဗဟိုဘဏ်က ထိန်းချုပ်ဖြန့်ဖြူးတာ ဖြစ်ပါတယ်။

-စိုးထက်
Ref: CNBC

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««