ဒီဂျစ်တယ်ဈေးဝန်ဆောင်မှုကို တယ်လီနောမိတ်ဆက်

တယ်လီနောဈေးအမည်ရှိ ဒစ်ဂျစ်တယ်ဈေးတစ်ခုကို တယ်လီနောမြန်မာမှ မိတ်ဆက်လိုက်ပါတယ်။

MyTelenor အက်ပလီကေးရှင်းရှိ တယ်လီနောဈေးမှတစ်ဆင့် သုံးစွဲသူတွေရဲ့ မတူညီတဲ့ လိုအပ်ချက်တွေအလိုက် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတွေကို ပေးအပ်သွားမှာ ဖြစ်ပြီး City Mall Online, Food Panda နဲ့ Farm Shop တို့မှ အစားအသောက်နှင့် ကုန်စုံပစ္စည်းများ မှာယူခြင်း၊ AR YU International Hospital နဲ့ Yin Thway Pediatric Call Center တို့တွင်‌ ဆေးခန်းပြရန် ရက်ချိန်းယူခြင်း၊ တယ်လီဖုန်းဖြင့် ကျန်းမာရေးဆွေးနွေးတိုင်ပင်ခြင်း၊ AYA SOMPO မှ မော်တော်ယာဉ်အာမခံဝယ်ယူခြင်း စတဲ့ ဝန်ဆောင်မှုတွေကို တယ်လီနောဈေး မှာရရှိနိုင်မယ်လို့ သိရပါတယ်။

“ရောင်းသူတွေရော ဝယ်သူတွေရောက အွန်လိုင်းကနေ ဈေးရောင်း၊ ဝယ်တာ ဟာ ပိုပြီးတော့ လွယ်ကူ၊ သက်သောင့်သက်သာရှိတဲ့အပြင် ပိုမိုလုံခြုံစွာနဲ့ ဈေးရောင်း၊ ဝယ်လာနိုင်တာကို သိလာသလို အခုလက်ရှိဖြစ်ပေါ် နေတဲ့ ကမ္ဘာ့ကူးစက်ကပ်ရောဂါ အခြေအနေကြောင့်လဲ ယခင်အခြေအနေတွေထက် ဒစ်ဂျစ်တယ်လူနေမှုဘဝကို ပိုမို ကျင့်သုံးလို့နေကြပါတယ်။ သုံးစွဲသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဒစ်ဂျစ်တယ်ဂေဟစနစ်နဲ့ ဒစ်ဂျစ်တယ် အဆင်သင့်ဖြစ်မှုက ဆက်ပြီး တိုးတက်နေတဲ့အတွက် အွန်လိုင်းဈေးဝယ်ခြင်းက မြန်မာနိုင်ငံမှာ သိသိသာသာကြီး ဖွံ့ဖြိုးတိုးတက်လာဦးမယ်လို့ ယုံကြည်ပါတယ်။ ဒီလို အရှိန်အဟုန်နဲ့ ဆက်လက်ဖွံ့ဖြိုးတိုးတက်နေဖို့အတွက် တယ်လီနောမြန်မာ အနေနဲ့ တစ်ထောင့်တစ်နေရာကနေ ကူညီပံ့ပိုးနိုင်ဖို့ ဆန်းသစ်တီထွင်မှုတွေ၊အတွေ့အကြုံကောင်းတွေ ရရှိမယ့် တယ်လီနော‌‌ဈေးကို သုံးစွဲသူတွေနဲ့ မိတ်ဖက်ပါတနာတွေအတွက် မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်” လို့ တယ်လီနောမြန်မာရဲ့ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Amaresh Kumar မှ ပြောပါတယ်။

တယ်လီနောဈေးကို MyTelenor အက်ပလီကေးရှင်းတွင် အောက်တိုဘာ ၁၄ ရက်မှ စတင်ကာ အသုံးပြုနိုင်မှာ ဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ MyTelenor အက်ပလီကေးရှင်းရဲ့ နောက်ဆုံးဗားရှင်း (၃.၁၈) ကို App Store သို့မဟုတ် Google Play မှတစ်ဆင့် မြှင့်တင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တယ်လီနောသုံးစွဲသူ မည်သူမဆို တယ်လီနောဈေးကို အသုံးပြုနိုင်မှာဖြစ်ပြီးဒစ်ဂျစ်တယ်ဈေးတွင် ရှာဖွေမှုများလုပ်ဆောင်တဲ့အချိန်မှာ ဒေတာအသုံးပြုခ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။ ငွေ‌ပေးချေမှုများအတွက် အိမ်အရောက် ငွေပေးချေခြင်း သို့မဟုတ် မိတ်ဖက်ပါတနာတွေကနေ သတ်မှတ် ထားတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေနဲ့ ပေးချေနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««