ဒီဂျစ်တယ်ငွေပေးချေမှုလုံခြုံရေးဆိုင်ရာနည်းပညာဆွေးနွေးပွဲ ကျင်းပမည်

ဒီဂျစ်တယ်ငွေပေးချေမှုလုံခြုံရေးဆိုင်ရာနည်းပညာဆွေးနွေးပွဲကို အောက်တိုဘာ ၂၇ ရက် နေ့လယ် ၁ နာရီမှ ၂ နာရီ ၄၅ မိနစ် အထိ Zoom နဲ့ ကျင်းပပြုလုပ်သွားမယ် လို့ သိရပါတယ်။

Myanmar Cybersecurity Month 2020 ကို ကြိုဆိုသောအားဖြင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှု၊သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန (ITCSD) ရဲ့ ပံ့ပိုးမှု့နဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချူပ် US-ICT Council Myanmar တို့ ပူးပေါင်းကာ ဒီဂျစ်တယ်ငွေပေးချေမှုလုံခြုံရေးဆိုင်ရာနည်းပညာစကားဝိုင်း Secure E-Commerce ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

ပွဲသို့ ဖိတ်ကြားထားသော Government CIO/ CTO များ၊ အစိုးရဌာနများ၊ သက်ဆိုင်ရာဌာနများနဲ့ Cyber Security ကို စိတ်ဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်နိုင်မှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ https://www.userroll.com/site/n117mea/secure-e-commerce/home မှာ Register ပြုလုပ်ရမှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ်ထားလိုက်ပါ «««