ဒီဂျစ်တယ်ခေတ်သစ်တွင် မြန်မာနိုင်ငံ၏ လုပ်ငန်းအသီးသီးအပေါ် အလား အလာကောင်းများ သက်ရောက်လာမည့် ICT ၏ အခန်းကဏ္ဍအကြောင်း ဆွေးနွေးပွဲကျင်းပခဲ့

မြန်မာ့ဒီဂျစ်တယ်ခေတ်သစ်အတွက် ရေရှည်တည်တံ့သော အလားအလာကောင်းများ ဖော်ဆောင်ပေးမည့် ICT ၏ အခန်းကဏ္ဍ(ICT Enhances Sustainable Outlook for New Digital Era in Myanmar) ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို Huawei Myanmar မှပြုလုပ်ခဲ့ပါတယ်။

ဒီဂျစ်တယ်ခေတ်သစ်သို့ ပြောင်းလဲရာတွင် ICT နည်းပညာရဲ့ အရေးပါပုံ၊ မြန်မာနိုင်ငံရှိ စီးပွားရေးကဏ္ဍအပေါ် အကျိုးသက်‌ရောက်လာမယ့် နည်းပညာသစ်များကို အများပြည်သူများ အနေဖြင့် ပိုမိုသိရှိစေရန် ရည်ရွယ်ပြီး ကမ္ဘာလုံးဆိုင်ရာ အသုံးပြုနေသော ဒီဂျစ်တယ်နည်းပညာများ အကြောင်းကို Myanmar Information and Technology Pte Ltd ရဲ့ တည်ထောင်သူနှင့် CEO ဒေါက်တာဦးထွန်းသူရသက်၊ Onelink Technologies Co., Ltd ၏ CEO၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ၏ ဒုဥက္ကဌဦးဝေဖြိုး၊ Strategy First Education Group Limited ၏ တည်ထောင်သူနှင့် ဥက္ကဌ ဦးအောင်ချစ်ခင်တို့က ဆွေးနွေးပေးခဲ့တာ ဖြစ်ပါတယ်။

ယခုကျင်းပပြုလုပ်ခဲ့တဲ့ပွဲဟာ COVID-19 ကာလအတွင်း ဒုတိယမြောက်ပွဲဖြစ်ပြီး လွန်ခဲ့သော (၂) လခန့်ကလည်း Huawei Myanmar ICT Congress ကို အွန်းလိုင်းတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

-အောင်သူ