ဒီဂ်စ္တယ္ အေျခခံစာတတ္ေျမာက္မႈ အလြန္အေရးႀကီးဟု ပညာေရး၀န္ႀကီးေျပာၾကား

[ Zawgyi ]

ဒီဂ်စ္တယ္ အေျခခံစာတတ္ေျမာက္မႈဟာ အလြန္အေရးႀကီးသလို အထက္တန္းနဲ႔ အလယ္တန္း ေက်ာင္းသံုး ဖတ္စာမွာ ထည့္သြင္းရန္လိုအပ္ေၾကာင္၊ ေက်ာင္းတြင္းသင္ခန္းစာက ျပင္ပအထိ ေရာက္ရွိျပန္႔ပြားသြားႏိုင္ေၾကာင္း ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ဳိးသိမ္းႀကီးက ေနျပည္ေတာ္မွာ ၾသဂုတ္ ၁၉ ရက္က က်င္းပခဲ့တ့ဲ ေဘးကင္းလံုၿခံဳမွုရွိေစရန္နဲ႔ အသိပညာေပးျခင္း၊ တာ၀န္ယူမႈရွိတဲ့ အင္တာနက္အသံုးျပဳမွု ျဖစ္ေပၚေရးအတြက္ ရည္ရြယ္တဲ့ ဒီဂ်စ္တယ္ကြၽမ္းက်င္မႈဆိုင္ရာ စီမံကိန္း ပူးေပါင္းေဆာင္ရြက္တဲ့ အခမ္းအနားမွာ ေျပာၾကားခဲ့ပါတယ္။

“ ဒီဂ်စ္တယ္ အေျခခံစာတတ္ေျမာက္မႈဟာ ကြၽန္ေတာ္တို႔အတြက္ အင္မတန္မွ အေရးႀကီးပါတယ္။ အေျခခံပညာေက်ာင္းေတြမွာကတည္းက သူတို႔ေတြကို ဒီဂ်စ္တယ္ အေျခခံတတ္ေျမာက္မႈနဲ႔ ပတ္သက္လို႔ သင္ၾကားပို႔ခ်ေပးမယ္ဆိုရင္ အေျခခံပညာေက်ာင္းေပါင္း ၄၇၀၀၀ ေက်ာ္ရွိပါတယ္။ ေက်ာင္းသား/ေက်ာင္းသူေပါင္းက ၉.၇ သန္းေက်ာ္ရွိပါတယ္။ အစိုးရေက်ာင္းမွာ ၉.၁၇ သန္းရွိပါတယ္။ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းနဲ႔ ပုဂၢလိကေက်ာင္းေတ ြေပါင္းလိုက္ရင္ ၁၀ သန္းနီးပါး ရွိပါတယ္။ ဒီ ၁၀ သန္း ေသာ ေက်ာင္းသား၊ ေက်ာင္းသူေတြကိုသာ ကၽြန္ေတာ္တို႔က အြန္လိုင္း Safety နဲ႔ ပတ္သက္တဲ့ သင္ခန္းစာေတြ Education ေတြကို ေပးလိုက္မယ္ဆိုရင္ သူတို႔ေတြက သူတို႔ေတြရဲ႕ မိဘႏွစ္ပါးကို မွ်ေ၀ေပးမယ္။ ဘိုးဘြားေတြ၊ ဦးေလး အေဒၚ ညီအစ္ကို ေမာင္ႏွမေတြကို ျပန္ၿပီးျဖန္႔ေ၀မယ္ဆိုရင္ တစ္ႏိုင္ငံလံုးပဲ ဒါနဲ႔ပတ္သက္ၿပီး သိသြားမွာ ျဖစ္ပါတယ္” လို႔ ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ဳိးသိမ္းႀကီးက ေျပာပါတယ္။

ေက်ာင္းမ်ားမွာ ICT Education သင္ၾကားဖို႕အလြန္အေရးႀကီးေၾကာင္းနဲ႔ ေက်ာင္းသံုးဖတ္စာ အသစ္ေတြထဲမွာ အလယ္တန္းနဲ႔ အထက္တန္းေက်ာင္းသင္ခန္းစာမွာ ICT Education ကို သင္ၾကားေပးမယ္ဆိုရင္ ေက်ာင္းသူ ေက်ာင္းသားေတြအေနနဲ႔ ဒီဂ်စ္တယ္နည္းပညာကို ေကာင္းေကာင္းမြန္မြန္ အက်ဳိးရွိစြာ အသံုးခ်ႏိုင္မွာ ျဖစ္ေၾကာင္း ၊ ေက်ာင္းသား ေက်ာင္းသူမ်ား အေနနဲ႔ သင္ၾကားရာတြင္ မ်ားမ်ားသင္ယူဖို႔ လိုေၾကာင္းနဲ႔ မ်ားမ်ား သင္ယူဟု ဆိုရာတြင္လည္း ဆရာ/ဆရာမမ်ားက ေလ့က်င့္သင္ၾကားေပးမႈကို အဖန္ဖန္ ေလ့က်င့္ျခင္းသာမက မိမိဘာသာ မိမိ ထပ္မံေလ့လာမႈကိုလည္း ဆိုလိုေၾကာင္း ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

ဒီဂျစ်တယ် အခြေခံစာတတ်မြောက်မှုဟာ အလွန်အရေးကြီးသလို အထက်တန်းနဲ့ အလယ်တန်း ကျောင်းသုံး ဖတ်စာမှာ ထည့်သွင်းရန်လိုအပ်ကြောင်၊ ကျောင်းတွင်းသင်ခန်းစာက ပြင်ပအထိ ရောက်ရှိပြန့်ပွားသွားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နေပြည်တော်မှာ သြဂုတ် ၁၉ ရက်က ကျင်းပခဲ့တဲ့ ဘေးကင်းလုံခြုံမှုရှိစေရန်နဲ့ အသိပညာပေးခြင်း၊ တာဝန်ယူမှုရှိတဲ့ အင်တာနက်အသုံးပြုမှု ဖြစ်ပေါ်ရေးအတွက် ရည်ရွယ်တဲ့ ဒီဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ စီမံကိန်း ပူးပေါင်းဆောင်ရွက်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“ ဒီဂျစ်တယ် အခြေခံစာတတ်မြောက်မှုဟာ ကျွန်တော်တို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ အခြေခံပညာကျောင်းတွေမှာကတည်းက သူတို့တွေကို ဒီဂျစ်တယ် အခြေခံတတ်မြောက်မှုနဲ့ ပတ်သက်လို့ သင်ကြားပို့ချပေးမယ်ဆိုရင် အခြေခံပညာကျောင်းပေါင်း ၄၇၀၀၀ ကျော်ရှိပါတယ်။ ကျောင်းသား/ကျောင်းသူပေါင်းက ၉.၇ သန်းကျော်ရှိပါတယ်။ အစိုးရကျောင်းမှာ ၉.၁၇ သန်းရှိပါတယ်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ ပုဂ္ဂလိကကျောင်းတေ ွပေါင်းလိုက်ရင် ၁၀ သန်းနီးပါး ရှိပါတယ်။ ဒီ ၁၀ သန်း သော ကျောင်းသား၊ ကျောင်းသူတွေကိုသာ ကျွန်တော်တို့က အွန်လိုင်း Safety နဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေ Education တွေကို ပေးလိုက်မယ်ဆိုရင် သူတို့တွေက သူတို့တွေရဲ့ မိဘနှစ်ပါးကို မျှဝေပေးမယ်။ ဘိုးဘွားတွေ၊ ဦးလေး အဒေါ် ညီအစ်ကို မောင်နှမတွေကို ပြန်ပြီးဖြန့်ဝေမယ်ဆိုရင် တစ်နိုင်ငံလုံးပဲ ဒါနဲ့ပတ်သက်ပြီး သိသွားမှာ ဖြစ်ပါတယ်” လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ကျောင်းများမှာ ICT Education သင်ကြားဖို့အလွန်အရေးကြီးကြောင်းနဲ့ ကျောင်းသုံးဖတ်စာ အသစ်တွေထဲမှာ အလယ်တန်းနဲ့ အထက်တန်းကျောင်းသင်ခန်းစာမှာ ICT Education ကို သင်ကြားပေးမယ်ဆိုရင် ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ဒီဂျစ်တယ်နည်းပညာကို ကောင်းကောင်းမွန်မွန် အကျိုးရှိစွာ အသုံးချနိုင်မှာ ဖြစ်ကြောင်း ၊ ကျောင်းသား ကျောင်းသူများ အနေနဲ့ သင်ကြားရာတွင် များများသင်ယူဖို့ လိုကြောင်းနဲ့ များများ သင်ယူဟု ဆိုရာတွင်လည်း ဆရာ/ဆရာမများက လေ့ကျင့်သင်ကြားပေးမှုကို အဖန်ဖန် လေ့ကျင့်ခြင်းသာမက မိမိဘာသာ မိမိ ထပ်မံလေ့လာမှုကိုလည်း ဆိုလိုကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။