ဒီဂ်စ္တယ္ပညာေရးဝန္ေဆာင္မႈမ်ားကို MPT မိတ္ဆက္

[ Zawgyi ]

MPT အသံုးျပဳသူေတြအေနနဲ႔ Smart Kids ဝန္ေဆာင္မႈ၊ M-Learning ဝန္ေဆာင္မႈနဲ႔ တက္လမ္းပညာေရး ဝန္ေဆာင္မႈေတြအျပင္ ေရႊနားဆင္ အသံထြက္ဝတၳဳစာအုပ္ဝန္ေဆာင္မႈေတြ အသံုးျပဳႏိုင္ၿပီျဖစ္တယ္လို႔ သိရပါတယ္။

ေရႊနားဆင္ အသံစာအုပ္ ဝန္ေဆာင္မႈမွာ MPT ႏွင့္ Bagan Innovation Technology ကုမၸဏီလီမိတက္ တို႔ ပူးေပါင္းေဆာင္ရြက္ထားတဲ့ ဝန္ေဆာင္မႈတစ္ခုျဖစ္ၿပီး MPT အသံုးျပဳသူေတြအတြက္ သီးသန္႔ဖန္တီးထားတဲ့ အသံစာအုပ္ေတြကို App မွ ေသာ္လည္းေကာင္း၊ http://www.shwenarsin.com မွေသာ္လည္းေကာင္း ဝင္ေရာက္ နားဆင္ႏိုင္မွာျဖစ္ပါတယ္။ ဝတၳဳတိုေပါင္း ၆၅၀ ေက်ာ္နဲ႔ ဝတၳဳရွည္ေပါင္း ၃၀ ေက်ာ္ကို အသံထြက္ကၽြမ္းက်င္တင္ဆက္သူေတြက ဖတ္ျပထားတာကို နားဆင္ႏုိင္မွာျဖစ္ပါတယ္။

Smart Kids ဝန္ေဆာင္မႈကေတာ့ ကေလးငယ္ေတြအတြက္ ပညာေရးအသိပညာဗဟုသုတနဲ႔ ေဖ်ာ္ေျဖေရးဆိုင္ရာ က႑စံုလင္ပါဝင္တဲ့ Online Portal တစ္ခုျဖစ္ပါတယ္။ ဒီ၀န္ေဆာင္မႈကေနတစ္ဆင့္ ကေလးေတြ ႀကိဳက္ႏွစ္သက္ေစတဲ့ ေပ်ာ္ရႊင္စရာသီခ်င္းမ်ား၊ ပံုျပင္မ်ား၊ အေရာင္အေသြးစံုလင္တဲ့ ရုပ္ျပမ်ား၊ မွတ္ဥာဏ္စြမ္းရည္ အားေကာင္းေစမယ့္ ဉာဏ္စမ္းပေဟဠိမ်ား၊ က်န္းမာေရးဆိုင္ရာ အႀကံျပဳခ်က္မ်ားနဲ႔ ကေလးငယ္ေတြနဲ႔ ၎တို႔ရဲ႕မိဘေတြအတြက္ ပညာေရးဆိုင္ရာ အေထြေထြ ဗဟုသုတမ်ား စတာေတြ အပါအဝင္ မိဘမ်ားအေနနဲ႔ မိမိတို႔ရဲ႕ သားသမီးမ်ားအတြက္ ဦးတည္ထားတဲ့ လံုၿခံဳေဘးကင္းေသာ သတင္းအခ်က္အလက္နဲ႔ ဗဟုသုတရရွိေစမယ့္ အစီအစဥ္မ်ားကို အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။

M-Learning ဝန္ေဆာင္မႈကေတာ့ MPT သံုးစြဲသူေတြ အဂၤလိပ္စာေလ့လာ သင္ယူနိုင္ေစဖို႔ ရည္ရြယ္ထားတဲ့ ပညာသင္ၾကားေရး Portal ျဖစ္ပါတယ္။ ဒီဝန္ေဆာင္မႈမွာ သံုးစြဲသူရဲ႕ အဂၤလိပ္စာကြ်မ္းက်င္မႈအဆင့္ (အေျခခံအဆင့္၊ အလယ္အလတ္နွင့္ အဆင့္ျမင့္) အေပၚမူတည္ၿပီး က႑အမ်ိဳးမ်ိဳးခြဲျခားထားတဲ့ သင္ခန္းစာမ်ိဳးစံု ပါဝင္ပါတယ္။ M-Learning မိုဘိုင္းလ္ Portal မွာ က႑ေျခာက္မ်ိဳးပါဝင္ၿပီး ေနာက္ဆံုးေပၚ ေဝါဟာရမ်ား၊ စကားေျပာဆိုမႈနွင့္ အျပန္အလွန္ေျပာဆိုျခင္းဆိုင္ရာ အခ်က္အလက္မ်ားအျပင္ အသံထြက္ေလ့ က်င့္ရန္ အတြက္ အႀကံေပးခ်က္ အသံနမူနာမ်ား ပါဝင္ပါတယ္။

တက္လမ္းပညာေရးဝန္ေဆာင္မႈကေတာ့ အမ်ိဳးအစားစံုလင္တဲ့ ပညာေရးဆိုင္ရာ ဗီြဒီယိုမ်ားနဲ႔ သင္ခန္းစာေတြ ကို သင္ယူေလ့လာႏိုင္မွာျဖစ္ပါတယ္။ ဒီအြန္လိုင္းပညာေရး ဝန္ေဆာင္မႈမွ တစ္ဆင့္ ျမန္မာလူငယ္၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား မိမိတို႔သင္ခန္းစာနဲ႔ပတ္သက္တဲ့ သင္ၾကားေရး အေထာက္အကူျပဳနည္းလမ္းမ်ား သာမက စာသင္ခန္းျပင္ပမွေနၿပီး မိမိတို႔သိလိုတာေတြကို မိမိတို႔ကိုယ္ပိုင္အခ်ိန္မ်ားတြင္ပါ ေလ႔လာႏိုင္မွာျဖစ္ ပါတယ္။ အေထြေထြ အဂၤလိပ္၊ စီးပြားေရးသံုး အဂၤလိပ္၊ ေစ်းကြက္စီမံခန္႔ခြဲမႈ၊ အိုင္တီ၊ ကြန္ပ်ဴတာေလ့လာနည္း၊ ပန္းခ်ီ၊ ဂီတ စတဲ့ က႑အစံုအလင္ပါဝင္တဲ့ သင္ၾကားေရးဗီြဒီယိုမ်ားနဲ႔ သင္ခန္းစာေတြကို မိမိတုိ႔ ႏွစ္သက္ရာ ဘာသာရပ္အလိုက္ ေရြးခ်ယ္သင္ယူ ေလ့လာႏိုင္မွာျဖစ္ပါတယ္။

အေသးစိတ္အခ်က္အလက္ေတြကို ဖုန္းနံပါတ္ ၁၀၆ သို႔ ဖုန္းေခၚဆို၍ျဖစ္ေစ၊ MPT ရဲ႕ တရားဝင္ Facebook စာမ်က္ႏွာျဖစ္တဲ့ https://www.facebook.com/mptofficialpage/ နဲ႔ MPT ရဲ႕ တရားဝင္ ၀က္ဘ္ဆိုက္ျဖစ္တဲ့ www.mpt.com.mm ကေနတစ္ဆင့္ ၀င္ေရာက္ၾကည့္႐ႈႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

MPT အသုံးပြုသူတွေအနေနဲ့ Smart Kids ဝန်ဆောင်မှု၊ M-Learning ဝန်ဆောင်မှုနဲ့ တက်လမ်းပညာရေး ဝန်ဆောင်မှုတွေအပြင် ရွှေနားဆင် အသံထွက်ဝတ္ထုစာအုပ်ဝန်ဆောင်မှုတွေ အသုံးပြုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

ရွှေနားဆင် အသံစာအုပ် ဝန်ဆောင်မှုမှာ MPT နှင့် Bagan Innovation Technology ကုမ္ပဏီလီမိတက် တို့ ပူးပေါင်းဆောင်ရွက်ထားတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး MPT အသုံးပြုသူတွေအတွက် သီးသန့်ဖန်တီးထားတဲ့ အသံစာအုပ်တွေကို App မှ သော်လည်းကောင်း၊ http://www.shwenarsin.com မှသော်လည်းကောင်း ဝင်ရောက် နားဆင်နိုင်မှာဖြစ်ပါတယ်။ ဝတ္ထုတိုပေါင်း ၆၅၀ ကျော်နဲ့ ဝတ္ထုရှည်ပေါင်း ၃၀ ကျော်ကို အသံထွက်ကျွမ်းကျင်တင်ဆက်သူတွေက ဖတ်ပြထားတာကို နားဆင်နိုင်မှာဖြစ်ပါတယ်။

Smart Kids ဝန်ဆောင်မှုကတော့ ကလေးငယ်တွေအတွက် ပညာရေးအသိပညာဗဟုသုတနဲ့ ဖျော်ဖြေရေးဆိုင်ရာ ကဏ္ဍစုံလင်ပါဝင်တဲ့ Online Portal တစ်ခုဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကနေတစ်ဆင့် ကလေးတွေ ကြိုက်နှစ်သက်စေတဲ့ ပျော်ရွှင်စရာသီချင်းများ၊ ပုံပြင်များ၊ အရောင်အသွေးစုံလင်တဲ့ ရုပ်ပြများ၊ မှတ်ဉာဏ်စွမ်းရည် အားကောင်းစေမယ့် ဉာဏ်စမ်းပဟေဠိများ၊ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များနဲ့ ကလေးငယ်တွေနဲ့ ၎င်းတို့ရဲ့မိဘတွေအတွက် ပညာရေးဆိုင်ရာ အထွေထွေ ဗဟုသုတများ စတာတွေ အပါအဝင် မိဘများအနေနဲ့ မိမိတို့ရဲ့ သားသမီးများအတွက် ဦးတည်ထားတဲ့ လုံခြုံဘေးကင်းသော သတင်းအချက်အလက်နဲ့ ဗဟုသုတရရှိစေမယ့် အစီအစဉ်များကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

M-Learning ဝန်ဆောင်မှုကတော့ MPT သုံးစွဲသူတွေ အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်စေဖို့ ရည်ရွယ်ထားတဲ့ ပညာသင်ကြားရေး Portal ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုမှာ သုံးစွဲသူရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့် (အခြေခံအဆင့်၊ အလယ်အလတ်နှင့် အဆင့်မြင့်) အပေါ်မူတည်ပြီး ကဏ္ဍအမျိုးမျိုးခွဲခြားထားတဲ့ သင်ခန်းစာမျိုးစုံ ပါဝင်ပါတယ်။ M-Learning မိုဘိုင်းလ် Portal မှာ ကဏ္ဍခြောက်မျိုးပါဝင်ပြီး နောက်ဆုံးပေါ် ဝေါဟာရများ၊ စကားပြောဆိုမှုနှင့် အပြန်အလှန်ပြောဆိုခြင်းဆိုင်ရာ အချက်အလက်များအပြင် အသံထွက်လေ့ ကျင့်ရန် အတွက် အကြံပေးချက် အသံနမူနာများ ပါဝင်ပါတယ်။

တက်လမ်းပညာရေးဝန်ဆောင်မှုကတော့ အမျိုးအစားစုံလင်တဲ့ ပညာရေးဆိုင်ရာ ဗွီဒီယိုများနဲ့ သင်ခန်းစာတွေ ကို သင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။ ဒီအွန်လိုင်းပညာရေး ဝန်ဆောင်မှုမှ တစ်ဆင့် မြန်မာလူငယ်၊ ကျောင်းသား၊ ကျောင်းသူများ မိမိတို့သင်ခန်းစာနဲ့ပတ်သက်တဲ့ သင်ကြားရေး အထောက်အကူပြုနည်းလမ်းများ သာမက စာသင်ခန်းပြင်ပမှနေပြီး မိမိတို့သိလိုတာတွေကို မိမိတို့ကိုယ်ပိုင်အချိန်များတွင်ပါ လေ့လာနိုင်မှာဖြစ် ပါတယ်။ အထွေထွေ အင်္ဂလိပ်၊ စီးပွားရေးသုံး အင်္ဂလိပ်၊ စျေးကွက်စီမံခန့်ခွဲမှု၊ အိုင်တီ၊ ကွန်ပျူတာလေ့လာနည်း၊ ပန်းချီ၊ ဂီတ စတဲ့ ကဏ္ဍအစုံအလင်ပါဝင်တဲ့ သင်ကြားရေးဗွီဒီယိုများနဲ့ သင်ခန်းစာတွေကို မိမိတို့ နှစ်သက်ရာ ဘာသာရပ်အလိုက် ရွေးချယ်သင်ယူ လေ့လာနိုင်မှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍ဖြစ်စေ၊ MPT ရဲ့ တရားဝင် Facebook စာမျက်နှာဖြစ်တဲ့ https://www.facebook.com/mptofficialpage/ နဲ့ MPT ရဲ့ တရားဝင် ၀က်ဘ်ဆိုက်ဖြစ်တဲ့ www.mpt.com.mm ကနေတစ်ဆင့် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။