ဒီဂ်စ္တယ္ဆိုင္ရာကို မႏၱေလးတိုင္းေဒသႀကီးရွိ အမ်ားျပည္သူ အသံုးခ်တတ္ေစေရး ေဆာင္ရြက္မည္

[ Zawgyi ]

အမ်ားျပည္သူေတြ e-Government ဆိုင္ရာေတြ ပိုမိုသိရွိလာေအာင္ နဲ႔ ဒီဂ်စ္တယ္အက်ိဳးေက်းဇူးဆိုင္ရာ အသိပညာေတြကို ျပည္သူေတြ ပိုမိုသိရွိ အသံုးခ်တတ္လာေအာင္ ေဆာင္ရြက္သြားမယ္လို႔ မႏၱေလးတိုင္းေဒသႀကီး ကြန္ပ်ဴတာပညာရွင္မ်ားအသင္း ဥကၠဌ ဦးဥကၠာေက်ာ္က ေျပာၾကားပါတယ္။

“ဥပမာေျပာရရင္ အခုဆိုကုမၸဏီ လုပ္ငန္းလိုင္စင္ေလ်ွာက္တဲ႔ေနရာမွာ အြန္လိုင္းကေန ေလ်ွာက္ႏိုင္ၿပီျဖစ္ၿပီးေတာ႔၊ မေလ်ွာက္တတ္တဲ့ လူေတြက်ေတာ့ လူကိုယ္တိုင္သြားေလ်ွာက္ေတာ့ အခ်ိန္ကုန္တာေတြ၊ ဝန္ေဆာင္ခမကုန္သင့္ပဲ ကုန္တာေတြ ျဖစ္လာေတာ့ နစ္နာမႈရွိတယ္ေပါ့။ ဒါေၾကာင့္ အမ်ားျပည္သူေတြ အေနနဲ႔ Digital အက်ိဳးေက်းဇူးဆိုင္ရာေတြ ၊မိုဘိုင္းဖုန္းကေန အသံုးခ်ႏိုင္တာေတြ သိရွိလာေအာင္ အသင္းအေနနဲ႔ အသိပညာေပးေတြကို အရင္ထက္ပိုမို ျပဳလုပ္သြားဖို႔ရွိပါတယ္” လို႔ေျပာၾကားပါတယ္။

အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာ မ်ား ၊ စည္ပင္သာယာေရး ေကာ္မတီဝင္မ်ားကိုလည္း e-Government ဆိုင္ရာ ဘာသာရပ္ကို သင္ၾကားပို႔ခ်ေပးလ်က္ ရွိတယ္လို႔သိရပါတယ္။ မႏၱေလးတိုင္းေဒသႀကီး ကြန္ပ်ဴတာပညာရွင္မ်ားအသင္းက ႀကီးမွဴးပို႔ခ်ေပးေနတဲ႔ ICT (7201) , ICT(7202) e-Government ဆိုင္ရာ ဘာသာရပ္ကို မႏၱေလးတိုင္းစည္ပင္ရံုး မွာ ျမိဳ႕နယ္ ၁၂ ၿမိဳ႕နယ္က စည္ပင္သာယာေရး ေကာ္မတီဝင္ ၃၀ ဝန္းက်င္ခန္႔ကို သင္ၾကားၿပီးစီးၿပီျဖစ္ကာ Digital အက်ိဳးေက်းဇူးဆိုင္ရာ ဆိုင္ရာအသိပညာမ်ား ထပ္မံပို႔ခ်ေပးသြားမယ္လို႔  ဦးဥကၠာေက်ာ္က ေျပာၾကားပါတယ္။

လက္ရွိမွာလည္း ဗဟိုဝန္ထမ္းတကၠသိုလ္ (အထက္ျမန္မာျပည္) မွာ ဖြင့္လွစ္လ်က္ရွိတဲ႔ အလယ္အလတ္အဆင့္ အရာထမ္း စီမံခန္႔ခြဲမႈသင္တန္း၊ ျပည္သူ႔ဝန္ထမ္း စီမံခန္႔ခြဲမႈ အဆင့္ျမင့္ ဒီပလိုမာသင္တန္း ေတြမွာ ICT (7201) , ICT(7202) e-Government ဆိုင္ရာ ဘာသာရပ္မ်ား သြားေရာက္ပို႔ခ်ေပးလ်က္ရွိေနၿပီး Digital အက်ိဳးေက်းဇူးဆိုင္ရာ ဆိုင္ရာအသိပညာမ်ား ထပ္မံပို႔ခ်ေပးသြားမယ္လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။

-ေကာင္းျမတ္ထြန္း

[ Unicode ]

အများပြည်သူတွေ e-Government ဆိုင်ရာတွေ ပိုမိုသိရှိလာအောင် နဲ့ ဒီဂျစ်တယ်အကျိုးကျေးဇူးဆိုင်ရာ အသိပညာတွေကို ပြည်သူတွေ ပိုမိုသိရှိ အသုံးချတတ်လာအောင် ဆောင်ရွက်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်များအသင်း ဥက္ကဌ ဦးဥက္ကာကျော်က ပြောကြားပါတယ်။

“ဥပမာပြောရရင် အခုဆိုကုမ္ပဏီ လုပ်ငန်းလိုင်စင်လျှောက်တဲ့နေရာမှာ အွန်လိုင်းကနေ လျှောက်နိုင်ပြီဖြစ်ပြီးတော့၊ မလျှောက်တတ်တဲ့ လူတွေကျတော့ လူကိုယ်တိုင်သွားလျှောက်တော့ အချိန်ကုန်တာတွေ၊ ဝန်ဆောင်ခမကုန်သင့်ပဲ ကုန်တာတွေ ဖြစ်လာတော့ နစ်နာမှုရှိတယ်ပေါ့။ ဒါကြောင့် အများပြည်သူတွေ အနေနဲ့ Digital အကျိုးကျေးဇူးဆိုင်ရာတွေ ၊မိုဘိုင်းဖုန်းကနေ အသုံးချနိုင်တာတွေ သိရှိလာအောင် အသင်းအနေနဲ့ အသိပညာပေးတွေကို အရင်ထက်ပိုမို ပြုလုပ်သွားဖို့ရှိပါတယ်” လို့ပြောကြားပါတယ်။

အုပ်ချုပ်မှုပိုင်းဆိုင်ရာ များ ၊ စည်ပင်သာယာရေး ကော်မတီဝင်များကိုလည်း e-Government ဆိုင်ရာ ဘာသာရပ်ကို သင်ကြားပို့ချပေးလျက် ရှိတယ်လို့သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်များအသင်းက ကြီးမှူးပို့ချပေးနေတဲ့ ICT (7201) , ICT(7202) e-Government ဆိုင်ရာ ဘာသာရပ်ကို မန္တလေးတိုင်းစည်ပင်ရုံး မှာ မြို့နယ် ၁၂ မြို့နယ်က စည်ပင်သာယာရေး ကော်မတီဝင် ၃၀ ဝန်းကျင်ခန့်ကို သင်ကြားပြီးစီးပြီဖြစ်ကာ Digital အကျိုးကျေးဇူးဆိုင်ရာ ဆိုင်ရာအသိပညာများ ထပ်မံပို့ချပေးသွားမယ်လို့ ဦးဥက္ကာကျော်က ပြောကြားပါတယ်။

လက်ရှိမှာလည်း ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှာ ဖွင့်လှစ်လျက်ရှိတဲ့ အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်း တွေမှာ ICT (7201) , ICT(7202) e-Government ဆိုင်ရာ ဘာသာရပ်များ သွားရောက်ပို့ချပေးလျက်ရှိနေပြီး Digital အကျိုးကျေးဇူးဆိုင်ရာ ဆိုင်ရာအသိပညာများ ထပ်မံပို့ချပေးသွားမယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

-ကောင်းမြတ်ထွန်း