ဒီဂ်စ္တယ္စီးပြားေရး လုပ္ငန္းအခ်ိဳ႕ ပဏာမအဆင့္အျဖစ္ စတင္ရန္စီစဥ္ေန

[ Zawgyi ]

ဒီဂ်စ္တယ္စီးပြားေရးလုပ္ငန္းအခ်ိဳ႕ကို အေကာင္အထည္ေဖာ္ဖို႔ စတင္စီစဥ္ေနတယ္လို႔ သိရပါတယ္။

Pilot Project အျဖစ္လုပ္ငန္းအခ်ိဳ႕ေဆာင္ရြက္မွာျဖစ္ေၾကာင္း ဒီဂ်စ္တယ္စီးပြားေရး ဖြ႔ံၿဖိဳးေရး ေကာ္မတီ (Digital Economy Development Committee) မွာပါ၀င္ သူတစ္ဦးျဖစ္တဲ့ ဦးထြန္းသူရသက္ကေျပာပါတယ္။ “Pilot Project က စီးပြားေရးလုပ္ငန္း တစ္ခ်ိဳ႕စတင္မွာပါ၊ စိုက္ပ်ိဳးေရး၊ စီးပြားေရး၊ အေသးစားႏွင့္အလတ္စား စီးပြားေရးလုပ္ငန္း ေတြ ကိုေဆြးေႏြးေနတယ္” လို႔ ေျပာပါတယ္။ Digital Economy Development Committee အေနနဲ႔ Community Center ေတြဖြင့္တာမ်ိဳး၊ Innovation Center ေတြဖြင့္တာမ်ိဳးေတြကိုလည္းေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ရန္ကုန္မွာ အျပင္မႏၱေလးမွာလည္း ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္းဆိုပါတယ္။

လက္ရွိဦးစားေပးအဆင့္ေတြကို စတင္အေကာင္အထည္ေဖာ္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။ “e-Government က အစိုးရကို အားေပးတယ္၊ Digital Economy က်ေတာ့ လုပ္ငန္းတစ္ခုခ်င္းစီ ေျပာင္းလဲတာကိုေျပာတယ္၊ ဥပမာ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ ခရီးသြားလုပ္ငန္း က႑အလိုက္ ေျပာင္းလဲတာကို ေျပာင္းတာျဖစ္တယ္” လို႔ ဦးထြန္းသူရ သက္ကေျပာပါတယ္။

လက္ရွိမွာေတာ့ ႏိုင္ငံအသီးသီးက ဒီဂ်စ္တယ္ဆိုင္ရာေတြကို အၿပိဳင္အဆိုင္ေဆာင္ရြက္ ေနၾကတာေတြ႔ရပါတယ္။ ဗီယက္နမ္ႏိုင္ငံမွာဆိုရင္ ICT National Plan, သီရိလကၤာႏို္င္ငံမွာဆိုရင္ e-SriLanKa, ကေမာၻဒီးယား ႏိုင္ငံမွာဆိုရင္ Internet+ ICT Cambodia, လာအိုမွာ Connect 2010, ထို္င္းႏိုင္ငံမွာ Thailand 4.0, အိႏၵိယမွာ Digital India Smart India, ေဟာင္ေကာင္မွာ Digital 21, ျမန္မာႏိုင္ငံမွာ Digital connected Myanmar, နီေပါမွာ Digital Nepal နဲ႔ ဘဂၤလားေဒ့ရွ္မွာ Digital Bangladash 2021 တို႔ပဲျဖစ္ပါတယ္။

-ထြန္းထြန္း

[ Unicode ]

ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းအချို့ကို အကောင်အထည်ဖော်ဖို့ စတင်စီစဉ်နေတယ်လို့ သိရပါတယ်။

Pilot Project အဖြစ်လုပ်ငန်းအချို့ဆောင်ရွက်မှာဖြစ်ကြောင်း ဒီဂျစ်တယ်စီးပွားရေး ဖွ့ံဖြိုးရေး ကော်မတီ (Digital Economy Development Committee) မှာပါ၀င် သူတစ်ဦးဖြစ်တဲ့ ဦးထွန်းသူရသက်ကပြောပါတယ်။ “Pilot Project က စီးပွားရေးလုပ်ငန်း တစ်ချို့စတင်မှာပါ၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း တွေ ကိုဆွေးနွေးနေတယ်” လို့ ပြောပါတယ်။ Digital Economy Development Committee အနေနဲ့ Community Center တွေဖွင့်တာမျိုး၊ Innovation Center တွေဖွင့်တာမျိုးတွေကိုလည်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်မှာ အပြင်မန္တလေးမှာလည်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းဆိုပါတယ်။

လက်ရှိဦးစားပေးအဆင့်တွေကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရပါတယ်။ “e-Government က အစိုးရကို အားပေးတယ်၊ Digital Economy ကျတော့ လုပ်ငန်းတစ်ခုချင်းစီ ပြောင်းလဲတာကိုပြောတယ်၊ ဥပမာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ခရီးသွားလုပ်ငန်း ကဏ္ဍအလိုက် ပြောင်းလဲတာကို ပြောင်းတာဖြစ်တယ်” လို့ ဦးထွန်းသူရ သက်ကပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံအသီးသီးက ဒီဂျစ်တယ်ဆိုင်ရာတွေကို အပြိုင်အဆိုင်ဆောင်ရွက် နေကြတာတွေ့ရပါတယ်။ ဗီယက်နမ်နိုင်ငံမှာဆိုရင် ICT National Plan, သီရိလင်္ကာနို်င်ငံမှာဆိုရင် e-SriLanKa, ကမ္ဘောဒီးယား နိုင်ငံမှာဆိုရင် Internet+ ICT Cambodia, လာအိုမှာ Connect 2010, ထို်င်းနိုင်ငံမှာ Thailand 4.0, အိန္ဒိယမှာ Digital India Smart India, ဟောင်ကောင်မှာ Digital 21, မြန်မာနိုင်ငံမှာ Digital connected Myanmar, နီပေါမှာ Digital Nepal နဲ့ ဘင်္ဂလားဒေ့ရှ်မှာ Digital Bangladash 2021 တို့ပဲဖြစ်ပါတယ်။

-ထွန်းထွန်း