ဒါရိုက်တာနှင့် စီအီးအိုများအတွက် ဆိုက်ဘာလုံခြုံမှု ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်မည်

ဒါရိုက်တာတွေနဲ့ စီအီးအိုတွေအတွက် အဓိကထားတဲ့ ဆိုက်ဘာလုံခြုံမှု ခေါင်းစဉ်နဲ့ Webiner တစ်ခုကို အောက်တိုဘာ ၂၂ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ် မှ ၁၁ နာရီ အထိ AMCHAM Myanmar မှပြုလုပ်သွားမယ်လို့ သိရပါတယ်။

AMCHAM မှ ITCSD, US ICT Council, Myanmar Computer Federation (MCF) တို့နဲ့ပူးပေါင်းပြီး ခေါင်းဆောင်များအတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အဓိက တိုးတက်မှုတွေကို ဆွေးနွေးဖို့အတွက် ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလကို ဆိုက်ဘာလုံခြုံရေးလ အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိကြောင်း ယခုကျင်းပပြုလုပ်မယ့် ဆွေးနွေးပွဲကို အခမဲ့တက်ရောက်နိုင်မှာ ဖြစ်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ https://userroll.com/cybersecurity-for-ceosanddirectors မှတစ်ဆင့် စာရင်းပေးသွင်းနိုင်မယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««