ဒစ်ဂျစ်တယ် ပြုပြင်‌ပြောင်းလဲရေး ဝန်ဆောင်မှုများအတွက် B360 Marketing Consulting Firm နှင့် Vanguard Myanmar တို့ ပူးပေါင်း

Vanguard Myanmar နဲ့ B360 Marketing Consulting Firm တို့ ဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲရေး ဝန်ဆောင်မှုများအတွက် ပူးပေါင်းသွားမယ်လို့ သိရပါတယ်။

“Vanguard Myanmar နဲ့ B360 Marketing Consulting Firm တို့ အခုလို ပူးပေါင်းလိုက်ခြင်းက စီးပွားရေးလုပ်ငန်းရှင်တွေကို သူတို့ရဲ့ စားသုံးသူတွေအကြောင်း အချက်အလက်ဒေတာတွေက တစ်ဆင့် ပိုသိစေပြီး Personalized ဖြစ်တဲ့ သတင်းအချက်အလက်နဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

”B360 ရဲ့ Marketing and Branding နဲ့ ဆိုင်တဲ့ ကျွမ်းကျင်မှုက Vanguard Myanmar နဲ့ ကျွန်တော်တို့ရဲ့ customer များအတွက် စီးပွားရေးလုပ်ငန်းတွေမှာ ဝယ်ယူဖို့ ဆုံးဖြတ်ချက်တွေ ဘယ်လိုချကြလဲ ဆိုတဲ့ အပိုင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ၊ စားသုံးသူတွေရဲ့ဝယ်ယူခြင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို လွှမ်မိုးနိုင်စေတဲ့ insights တွေကို ပိုမိုနားလည်စေနိုင်မယ်။ လုပ်ငန်းတွေ ပိုပြီးဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ စဉ်ဆက်မပြတ် အောင်မြင်မှုရစေဖို့ လိုအပ်တဲ့ Operating Models ကို နားလည်သဘောပေါက်ပြီး ပြောင်းလဲနေတဲ့ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲမူတွေကို လုပ်ဆောင် နိုင်ပါလိမ့်မယ်” လို့ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ကိုတင်လတ် က ပြောပါတယ်။

Customer Experience နဲ့Customer Insight အပိုင်းတွေပါဝင်တဲ့ Vanguard Myanmar ရဲ့ ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲရေး (Digital Transformation) ဝန်ဆောင်မှုတွေအနေနဲ့ ယခုကဲ့သို့ Digital Marketing ကုမ္ပဏီတစ်ခုဖြစ်တဲ့ B360 Marketing ConsultingFirm တွင် ရင်းနှီးမြှုပ်နှံလိုက်ခြင်းဖြင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို ပိုမိုအားကောင်းစေပြီး ဝန်ဆောင်မှုအသုံးပြုများအတွက်လည်း ပိုမိုကောင်းမွန်တဲ့ အကျိုးရလဒ်များကို ရရှိခံစားနိုင်မှာဖြစ်ပြီး Account Based Marketing၊ Customer Advocacy နဲ့ Marketing အပိုင်းများအတွက်လည်း ဝန်ဆောင်မှုပေးနိုင်တော့မှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««