“ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏ အရွေ့” အွန်လိုင်းဟောပြောပွဲ အခမ်းအနား ကျင်းပမည်

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီမှ ကြီးမှူးကျင်းပမည့် “ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏ အရွေ့” အွန်လိုင်းဟောပြောပွဲ အခမ်းအနားကို အောက်တိုဘာ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီမှာ Zoom Webinar နဲ့ပြုလုပ်သွားမယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ http://tiny.cc/MDMA-Webinar-2 ကနေတစ်ဆင့် မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ ဟောပြောပွဲ ကျင်းပပြုလုပ်တဲ့နေ့မှာ Media Partner တွေရဲ့ စာမျက်နှာတွေနဲ့ ဖြစ်မြောက်ရေးကော်မတီရဲ့ စာမျက်နှာတို့မှလည်း Livestream ဖြင့် ထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဟောပြောပွဲမှာ ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) က သုတ၊ ရသစာပေနှင့် ပတ်သက်၍ ဟောပြောခြင်းကို ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဟောပြောပွဲ အပြင် ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏ အရွေ့ စကားဝိုင်း ဆွေးနွေးခြင်းကိုလည်း ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

စကားဝိုင်းဆွေးနွေးပွဲမှာ moderator အနေနဲ့ ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ) ကပြုလုပ်သွားမှာဖြစ်ပြီး Panelist ဒေါက်တာသန့်သော်ကောင်း ( အမှုဆောင်အရာရှိချုပ်၊ မြန်မာစာအုပ်စင်တာ)၊ ဦးအောင်စည်သာ( စိတ်ကူးချိုချို စာအုပ်တိုက်)၊ ဖြိုးဖြိုးအောင် (Chance Myanmar Online Education) နဲ့ ဘဏ်မှ တာဝန်ရှိသူတစ်ဦးတို့က ပါဝင်ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««