ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ကိုဗစ်-၁၉ အပေါ် မြန်မာနိုင်ငံ တုံ့ပြန်မှု ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်မည်

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီမှ Digital Platforms and Myanmar’s COVID-19 Response ခေါင်းစဉ်နဲ့ စကားဝိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီမှာ Zoom Webinar နဲ့ ပြုလုပ်သွားမည်ဖြစ်သလို ဖြစ်မြောက်ရေးကော်မတီရဲ့ စာမျက်နှာဖြစ်တဲ့ https://www.facebook.com/Myanmar.Digital.2020/ နဲ့ Media Partner တွေရဲ့ စာမျက်နှာတို့မှလည်း Livestream နဲ့ ထုတ်လွှင့်တင်ဆက်သွားမယ်လို့ သိရပါတယ်။

ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ကိုဗစ်-၁၉ အပေါ် မြန်မာနိုင်ငံ တုံ့ပြန်မှု (မူကြမ်း)” စကားဝိုင်း ဆွေးနွေးခြင်းတွင် ဦးချစ်ထွန်းဖေ၊ MD Digital, AYA Bank ၊ ဒေါက်တာထွန်းသူရသက် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ဒေါက်တာစိန်ဖြိုးလှိုင်၊ ဆရာမလွန်းထားထား (ဆေးတက္ကသိုလ်) တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စကားဝိုင်းဆွေးနွေးခြင်းအပြင် အမေး/အဖြေကဏ္ဍလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««