ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းကို အခမဲ့သင်ကြားပေးမည်

Go Digital ASEAN စီမံကိန်းရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းကို အခမဲ့သင်ကြားနိုင်မယ်လို့သိရပါတယ်။

သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ် တို့မှ အလုပ်အကိုင်ရှာဖွေနေတဲ့ အသက် ၁၈ နှစ် မှ ၂၅ နှစ်အတွင်းရှိပြီး သင်တန်း (၃) ရက်ကို ပြီးဆုံးသည်အထိ တက်ရောက်နိုင်သူတွေ လျှောက်ထားနိုင်ပါတယ်။

Go Digital ASEAN စီမံကိန်းရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းမှာ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုနဲ့ စီးပွားရေးအခွင့်အလမ်းသစ်တွေကို ဖန်တီးပေးမယ့် အခမဲ့သင်တန်းတစ်ခု ဖြစ်ပြီး စီမံကိန််းမှာ အာဆီယံ (၁၀) နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း နဲ့ ဗီယက်နမ် တို့မှ စွန့်ဦးတီထွင်သူတွေ၊ အလုပ်မရရှိသေးတဲ့ လူငယ်တွေနဲ့ အမျိူးသမီးတွေ အပါအဝင် ကျေးလက်ဒေသနဲ့ အခွင့်အရေးနည်းပါးတဲ့ ရပ်ရွာများမှ လူဦးရေ နှစ်သိန်းကို သင်တန်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခု အစီအစဉ်ကို Google ကုမ္ပဏီရဲ့ ပရဟိတဌာနခွဲဖြစ်တဲ့ Google.org ရဲ့ပံ့ပိုးမှုနဲ့ အာရှဖောင်ဒေးရှင်းမှ မိမိဒေသတွင်းရှိ ကွန်ရက်တွေနဲ့ ပူးပေါင်းပြီး အလိုအပ်ဆုံးသူတွေကို ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု သင်တန်းများကို တိုက်ရိုက် ပေးသွားမှာ ဖြစ်ပါတယ်။

အာရှဖောင်ဒေးရှင်းရဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း (MLA) အနေနဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု သင်တန်းကို အလုပ်အကိုင်ရှာဖွေသူ လူငယ် ၂၀၀၀ ကို တာဝန်ယူသင်ကြားပေးသွားမယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၉ ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပြီး သင်တန်းကို အောက်တိုဘာ ၂၁ ရက်မှာ စတင်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေဟာ https://forms.gle/JUxdcTCWYjAMda5d8 မှတစ်ဆင့် လျှောက်ထားရမှာဖြစ်ပြီး အသေးစိတ်ကို ကိုစိုင်းဘုန်းမြတ် ဖုန်း-၀၉၂၅၄၈၀၃၇၇၀ saibonemyat75@gmail.com နဲ့ ကိုဝင်းဇော်လတ် ဖုန်း – ၀၉၄၅၀၆၂၇၂၂၆ winzawlatt394@gmail.com ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««