ထူးခြားတဲ့ ဆုံလည်မျက်နှာပြင်နဲ့ LG Wing 5G

LG ဟာ တီထွင်ဆန်းသစ်မှုရှိတဲ့ ကုမ္ပဏီဖြစ်ပြီး အခြားကုမ္ပဏီတွေ ခေါက်စမတ်ဖုန်းတွေ ထုတ်လုပ်နေပေမယ့် LG Wing ကတော့ ဆုံလည်ဒီဇိုင်း အသုံးပြုထားပါတယ်။

မျက်နှာပြင် ၆.၈ လက်မကို လှည့်လိုက်တဲ့အခါမှာ ဒုတိယမြောက် display ပေါ်လာပါမယ်။ ဆုံလည်မျက်နှာပြင်ကို ဖွင့်လိုက်ရင် အချိုးကျတဲ့ T ပုံသဏ္ဍာန် ဖြစ်သွားပါတယ်။ LG Wing ဖုန်းရဲ့ ဆုံလည်ဒီဇိုင်းကို JerryRigEverything ဆိုတဲ့ YouTube ချန်နယ်ရဲ့ ဇတ်က တစ်စစီဖြုတ်ပြီး ပြသထားပါတယ်။

LG Wing ဒီဇိုင်းကတော့ ထူးခြားပြီး ခက်ခက်ခဲခဲ ဖန်တီးထားပါတယ်။ LG က ဆုံလည် လှည့်တာကို ချောမွေ့စေဖို့ ချောဆီပါတဲ့ ပလတ်စတစ် အသုံးပြုထားပါတယ်။ ဖုန်းအပိုင်း ၂ ခုက အခွက်ကတော့ လေဟာနယ်ဖန်တီးပေးပြီး ဖုန်နဲ့ သဲဝင်မယ့် အန္တရာယ်ကို တားဆီးပေးပါတယ်။

LG ဟာ Wing ဆုံလည်အစိတ်အပိုင်းကို စမ်းသပ်ခဲ့ပြီး အနည်းဆုံး ယန္တရားလည်ပတ်မှု အကြိမ်ရေ ၂၀၀,၀၀၀ အထိ လုပ်နိုင်တယ်လို့ သိရပါတယ်။

LG Wing မျက်နှာပြင်အရွယ်အစားက ၆.၈ လက်မ OLED panel ပါဝင်ပြီး ၉၀ ဒီဂရီလှည့်လိုက်ရင် ဒုတိယမြောက် ၃.၉ လက်မ မျက်နှာပြင်ပေါ်လာပါမယ်။ LG Wing မှာ Snapdragon 765G 5G, RAM 8GB, 128GB internal storage နဲ့ microSD ကတ် တိုးချဲ့အသုံးပြုနိုင်ပါတယ်။

-စိုးထက်
Ref: GSMArena/ZDNet

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««