ထုိင္းႏုိင္ငံ PTT Public Co.,Ltd မွ ပညာသင္ဆုကိုေလွ်ာက္ထားႏုိင္

ထုိင္းႏုိင္ငံ PTT Public Co.,Ltd ရဲ႕ ေထာက္ပံ့မႈနဲ႔ ထုိင္းႏုိင္ငံ၊ လေရာင္းၿမိဳ႕ရွိ IRPC Technology College (IRPCT) မွာ တက္ေရာက္ရန္ ေက်ာင္းသား ၂၀ ဦးကို ပညာသင္ဆု ေပးအပ္မယ္လုိ႔ သိရပါတယ္။

ပညာသင္ဆုရရွိသူေတြဟာ အဆိုပါတကၠသိုလ္မွာ High Vocational Diploma Schlorship Program (HVD) ကို သံုးႏွစ္ၾကာ တက္ေရာက္ရမွာျဖစ္ပါတယ္။ ပညာသင္ဆု ေလွ်ာက္ထားသူေတြ အေနနဲ႔ ၂၀၁၈ ခုႏွစ္မွာ အသက္ ၃၀ ႏွစ္အထက္ မေက်ာ္လြန္သူ၊ အစိုးရနည္းပညာအထက္တန္းေက်ာင္း (AMT,MT,RACT) ဘာသာရပ္နဲ႔ ေအာင္ျမင္ထားသူ၊ ဘာသာရပ္ရမွတ္ပွ်မ္းမွ် ၇၀ နဲ႔ အထက္ ရရွိသူေတြ၊ အဂၤလိပ္စာကၽြမ္းက်င္မႈရွိၿပီး အေျခခံ စက္ပစၥည္းကၽြမ္းက်င္မႈ (Mechanical Skill) ရွိသူေတြ ေလွ်ာက္ထားႏုိင္ပါတယ္။

ပညာသင္ဆုအတြက္ အသြားအျပန္ ေလယာဥ္စရိတ္၊ ေက်ာင္းလခ လစဥ္ေၾကး၊ ေနထုိင္စရိတ္နဲ႔ က်န္းမာေရး အာမခံတုိ႔ကုိ ထုိင္းႏုိင္ငံ PTT Public Co.,Ltd မွ က်ခံေပးမွာျဖစ္ပါတယ္။ ေလွ်ာက္ထားလုိသူေတြ အေနနဲ႔ အစိုးရနည္းပညာ အထက္တန္းေက်ာင္း (ေနျပည္ေတာ္) ေက်ာင္းသားေရးရာဌာနသို႔ ဇူလုိင္လ ၁၈ ရက္ ေနာက္ဆံုးထားကာ ေလွ်ာက္ထားႏုိင္ပါတယ္။

-သႏၲာ

[ Unicode ]

ထိုင်းနိုင်ငံ PTT Public Co.,Ltd ရဲ့ ထောက်ပံ့မှုနဲ့ ထိုင်းနိုင်ငံ၊ လရောင်းမြို့ရှိ IRPC Technology College (IRPCT) မှာ တက်ရောက်ရန် ကျောင်းသား ၂၀ ဦးကို ပညာသင်ဆု ပေးအပ်မယ်လို့ သိရပါတယ်။

ပညာသင်ဆုရရှိသူတွေဟာ အဆိုပါတက္ကသိုလ်မှာ High Vocational Diploma Schlorship Program (HVD) ကို သုံးနှစ်ကြာ တက်ရောက်ရမှာဖြစ်ပါတယ်။ ပညာသင်ဆု လျှောက်ထားသူတွေ အနေနဲ့ ၂၀၁၈ ခုနှစ်မှာ အသက် ၃၀ နှစ်အထက် မကျော်လွန်သူ၊ အစိုးရနည်းပညာအထက်တန်းကျောင်း (AMT,MT,RACT) ဘာသာရပ်နဲ့ အောင်မြင်ထားသူ၊ ဘာသာရပ်ရမှတ်ပျှမ်းမျှ ရ၀ နဲ့ အထက် ရရှိသူတွေ၊ အင်္ဂလိပ်စာကျွမ်းကျင်မှုရှိပြီး အခြေခံ စက်ပစ္စည်းကျွမ်းကျင်မှု (Mechanical Skill) ရှိသူတွေ လျှောက်ထားနိုင်ပါတယ်။

ပညာသင်ဆုအတွက် အသွားအပြန် လေယာဉ်စရိတ်၊ ကျောင်းလခ လစဉ်ကြေး၊ နေထိုင်စရိတ်နဲ့ ကျန်းမာရေး အာမခံတို့ကို ထိုင်းနိုင်ငံ PTT Public Co.,Ltd မှ ကျခံပေးမှာဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေ အနေနဲ့ အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်) ကျောင်းသားရေးရာဌာနသို့ ဇူလိုင်လ ၁၈ ရက် နောက်ဆုံးထားကာ လျှောက်ထားနိုင်ပါတယ်။

-သန္တာ