ထုိင္းဥမင္လိုဏ္ေခါင္းက ကေလးေတြကို ကယ္ဆယ္ခဲ့တဲ့ ေရငုပ္သမားတစ္ဦးကို အီလြန္မက္စ္ေဝဖန္

[ Zawgyi ]

အီလြန္မက္စ္က ထိုင္းဥမင္လိုဏ္ေခါင္းက ကေလးေတြကုိ ကယ္ဆယ္ရာမွာ အကူအညီေပးခဲ့တဲ့ ၿဗိတိန္ေရငုပ္သမား ဗာႏြန္အန္ေဝါ့ကို tweet တစ္ခုမွာ “pedo guy” လို႔ေဝဖန္ခဲ့ပါတယ္။ နာရီအနည္းငယ္အၾကာမွာေတာ့ အဲဒီ tweet ကို အီလြန္မက္စ္က ျပန္ဖ်က္ သြားပါတယ္။

အေစာပုိင္းမွာ ၿဗိတိန္ေရငုပ္သမားျဖစ္သူ ဗာႏြန္က အီလြန္မက္ရဲ႕ ေရငုပ္သေဘၤာတည္ေဆာက္မႈကို ေဝဖန္ခဲ့ပါတယ္။ ဗာႏြန္ရဲ႕ ေဝဖန္မႈကို အီလြန္မက္စ္က twitter ကေန အထက္ပါအတိုင္း ျပန္လည္တုံ႔ျပန္ခဲ့တာပါ။

ဗာႏြန္အန္စ္ေဝါ့ဟာ ထိုင္းႏိုင္ငံမွာေနထိုင္ၿပီး ေကာင္ေလးေတြ ပိတ္မိေနတဲ့ Tham Luange လိုဏ္ဂူစနစ္ကို ႏွစ္ေပါင္းမ်ားစြာ စူးစမ္းခဲ့သူလည္း ျဖစ္ပါတယ္။ သူဟာ ထိုင္းလူငယ္ ၁၂ ေယာက္နဲ႔ ေဘာလုံးနည္းျပကုိ ကယ္ဆယ္ခဲ့ရာမွာ ပါဝင္ခဲ့တဲ့ အေရးပါသူတစ္ဦးလည္း ျဖစ္ပါတယ္။

အီလြန္မက္စ္ဟာ ကေလးအရြယ္သာသာရွိတဲ့ ေရငုပ္သေဘၤာတစ္စီးကို ဖန္တီးခဲ့ၿပီး ကယ္ဆယ္ေရးမွာ အေထာက္အပံ့ေပးဖို႔ ထိုင္းႏိုင္ငံကုိ သြားေရာက္ခဲ့ပါတယ္။ ဒါေပမဲ့ အာဏာပုိင္ေတြက အဲဒီေရငုပ္သေဘၤာကုိ အသုံးျပဳစရာ မလိုေတာ့တဲ့ အေျခအေန ျဖစ္လာပါတယ္။ ဗာႏြန္အန္ေဝါ့က အီလြန္မက္စ္ရဲ႕ ဖန္တီးမႈကို “PR စတန္႔” ျပဳလုပ္မႈလို႔ ေခၚဆိုခဲ့ၿပီး အဲဒီေရငုပ္သေဘၤာဟာ လိုဏ္ဂူအတြင္းဘက္ မီတာ ၅၀ အထိ ဝင္ေရာက္ႏိုင္မွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ အီလြန္မက္စ္က အန္ေဝါ့နဲ႔ မဆုံခဲ့ရသလို ထိုင္းမွာေနတဲ့ ၿဗိတိန္ကၽြမ္းက်င္ပညာရွင္ကိုလည္း မျမင္ခဲ့ရဘူးလို႔ ပထမဆုံး tweet မွာေရးသားခဲ့ပါတယ္။

Tesla အမႈေဆာင္အရာရွိခ်ဳပ္ အီလြန္မက္စ္ကို ဂူထဲက ထြက္ခြာဖို႔ ေတာင္းဆိုခဲ့ၿပီး ကယ္ဆယ္ေရးအဖြဲ႕ကုိ ဦးေဆာင္တဲ့ အာဏာပုိင္ေတြက သူ႔အကူအညီကို တန္ဖိုးမထားခဲ့ဘူးလို႔ အန္ေဝါ့က ေျပာဆိုခဲ့ပါတယ္။ သူတို႔ကုိ ႏွင္ထုတ္တာနဲ႔ ဆန္႔က်င္ဘက္အျဖစ္ ထိုင္းေရတပ္အဖြဲ႕ဝင္ေတြက သူတို႔ကုိ အေစာင့္အေရွာက္နဲ႔ ဂူထဲလိုက္ပုိ႔ခဲ့တဲ့တယ္လို႔ အန္ေဝါ့ရဲ႕ ေျပာၾကားခ်က္အေပၚ အီလြန္မက္စ္ တုံ႔ျပန္သြားခဲ့ပါတယ္။

အီလြန္မက္စ္တည္ေဆာက္ခဲ့တဲ့ ေရငုပ္သေဘာၤဟာ ဂူထဲပိတ္မိေနတဲ့ ကေလးေတြကို ကယ္ဆယ္ႏိုင္မယ္လို႔ ယုံၾကည္ခဲ့ပါတယ္။ “သူ (အန္ေဝါ့) ပါဝင္ခဲ့တဲ့ ေနာက္ဆုံး ကယ္ဆယ္ေရးဗီဒီယိုျပဖုိ႔ ကၽြန္ေတာ္စိန္ေခၚပါတယ္” လို႔ အီလြန္မက္စ္က ေရးသားခဲ့ပါတယ္။ ေရငုပ္သေဘၤာကို ေဘာလုံးအသင္းပိတ္မိေနတဲ့ ေနရာဆီပုိ႔ေပးမယ္လို႔ ကတိျပဳခဲ့တယ္လို႔ အီလြန္မက္စ္က ေနာက္ထပ္ tweet တစ္ခုမွာ ေရးသားခဲ့ပါတယ္။

ေရငုပ္သေဘၤာအကူအညီမပါဘဲ ေကာင္ေလးေတြကုိ ကယ္ဆယ္ခဲ့အၿပီးမွာ အီလြန္မက္စ္ဟာ ေလွာင္ေျပာင္ ေဝဖန္ခံခဲ့ရပါတယ္။ ေရငုပ္အဖြဲ႕က ေရငုပ္သေဘၤာကုိ ျပင္ဆင္ထားဖို႔ ညႊန္ၾကားခဲ့တယ္လို႔ ေျပာၿပီး ဒီတစ္ပတ္မွာ ေဝဖန္သူေတြကို အီလြန္မက္စ္က တု႔ံျပန္သြားခဲ့ပါတယ္။

စိုးထက္
Ref: BusinessInsider

[ Unicode ]

အီလွန်မက်စ်က ထိုင်းဥမင်လိုဏ်ခေါင်းက ကလေးတွေကို ကယ်ဆယ်ရာမှာ အကူအညီပေးခဲ့တဲ့ ဗြိတိန်ရေငုပ်သမား ဗာနွန်အန်ဝေါ့ကို tweet တစ်ခုမှာ “pedo guy” လို့ဝေဖန်ခဲ့ပါတယ်။ နာရီအနည်းငယ်အကြာမှာတော့ အဲဒီ tweet ကို အီလွန်မက်စ်က ပြန်ဖျက် သွားပါတယ်။

အစောပိုင်းမှာ ဗြိတိန်ရေငုပ်သမားဖြစ်သူ ဗာနွန်က အီလွန်မက်ရဲ့ ရေငုပ်သင်္ဘောတည်ဆောက်မှုကို ဝေဖန်ခဲ့ပါတယ်။ ဗာနွန်ရဲ့ ဝေဖန်မှုကို အီလွန်မက်စ်က twitter ကနေ အထက်ပါအတိုင်း ပြန်လည်တုံ့ပြန်ခဲ့တာပါ။

ဗာနွန်အန်စ်ဝေါ့ဟာ ထိုင်းနိုင်ငံမှာနေထိုင်ပြီး ကောင်လေးတွေ ပိတ်မိနေတဲ့ Tham Luange လိုဏ်ဂူစနစ်ကို နှစ်ပေါင်းများစွာ စူးစမ်းခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ထိုင်းလူငယ် ၁၂ ယောက်နဲ့ ဘောလုံးနည်းပြကို ကယ်ဆယ်ခဲ့ရာမှာ ပါဝင်ခဲ့တဲ့ အရေးပါသူတစ်ဦးလည်း ဖြစ်ပါတယ်။

အီလွန်မက်စ်ဟာ ကလေးအရွယ်သာသာရှိတဲ့ ရေငုပ်သင်္ဘောတစ်စီးကို ဖန်တီးခဲ့ပြီး ကယ်ဆယ်ရေးမှာ အထောက်အပံ့ပေးဖို့ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက အဲဒီရေငုပ်သင်္ဘောကို အသုံးပြုစရာ မလိုတော့တဲ့ အခြေအနေ ဖြစ်လာပါတယ်။ ဗာနွန်အန်ဝေါ့က အီလွန်မက်စ်ရဲ့ ဖန်တီးမှုကို “PR စတန့်” ပြုလုပ်မှုလို့ ခေါ်ဆိုခဲ့ပြီး အဲဒီရေငုပ်သင်္ဘောဟာ လိုဏ်ဂူအတွင်းဘက် မီတာ ၅၀ အထိ ဝင်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ အီလွန်မက်စ်က အန်ဝေါ့နဲ့ မဆုံခဲ့ရသလို ထိုင်းမှာနေတဲ့ ဗြိတိန်ကျွမ်းကျင်ပညာရှင်ကိုလည်း မမြင်ခဲ့ရဘူးလို့ ပထမဆုံး tweet မှာရေးသားခဲ့ပါတယ်။

Tesla အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်ကို ဂူထဲက ထွက်ခွာဖို့ တောင်းဆိုခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ကို ဦးဆောင်တဲ့ အာဏာပိုင်တွေက သူ့အကူအညီကို တန်ဖိုးမထားခဲ့ဘူးလို့ အန်ဝေါ့က ပြောဆိုခဲ့ပါတယ်။ သူတို့ကို နှင်ထုတ်တာနဲ့ ဆန့်ကျင်ဘက်အဖြစ် ထိုင်းရေတပ်အဖွဲ့ဝင်တွေက သူတို့ကို အစောင့်အရှောက်နဲ့ ဂူထဲလိုက်ပို့ခဲ့တဲ့တယ်လို့ အန်ဝေါ့ရဲ့ ပြောကြားချက်အပေါ် အီလွန်မက်စ် တုံ့ပြန်သွားခဲ့ပါတယ်။

အီလွန်မက်စ်တည်ဆောက်ခဲ့တဲ့ ရေငုပ်သဘောင်္ဟာ ဂူထဲပိတ်မိနေတဲ့ ကလေးတွေကို ကယ်ဆယ်နိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ “သူ (အန်ဝေါ့) ပါဝင်ခဲ့တဲ့ နောက်ဆုံး ကယ်ဆယ်ရေးဗီဒီယိုပြဖို့ ကျွန်တော်စိန်ခေါ်ပါတယ်” လို့ အီလွန်မက်စ်က ရေးသားခဲ့ပါတယ်။ ရေငုပ်သင်္ဘောကို ဘောလုံးအသင်းပိတ်မိနေတဲ့ နေရာဆီပို့ပေးမယ်လို့ ကတိပြုခဲ့တယ်လို့ အီလွန်မက်စ်က နောက်ထပ် tweet တစ်ခုမှာ ရေးသားခဲ့ပါတယ်။

ရေငုပ်သင်္ဘောအကူအညီမပါဘဲ ကောင်လေးတွေကို ကယ်ဆယ်ခဲ့အပြီးမှာ အီလွန်မက်စ်ဟာ လှောင်ပြောင် ဝေဖန်ခံခဲ့ရပါတယ်။ ရေငုပ်အဖွဲ့က ရေငုပ်သင်္ဘောကို ပြင်ဆင်ထားဖို့ ညွှန်ကြားခဲ့တယ်လို့ ပြောပြီး ဒီတစ်ပတ်မှာ ဝေဖန်သူတွေကို အီလွန်မက်စ်က တု့ံပြန်သွားခဲ့ပါတယ်။

စိုးထက်
Ref: BusinessInsider