ထုတ်လုပ်မှုအခက်အခဲများကြောင့် ၂၀၁၇ ခုနှစ်တွင် iPhone X သန်း ၂၀ သာ Apple တင်ပို့ဖွယ်ရှိ

ထုတ်လုပ်မှုအခက်အခဲများနဲ့ အစိတ်အပိုင်း နှောင့်နှေးကြန့်ကြာမှုတို့ကြောင့် Apple အနေနဲ့ ၂၀၁၇ ခုနှစ်မှာ iPhone X အလုံးရေ သန်း ၂၀ သာ တင်ပို့နိုင်လိမ့်မယ်လို့ Nikkei က ဖော်ပြခဲ့ပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ မူလရည်မှန်းထားတဲ့ပမာဏရဲ့ ထက်ဝက်သာရှိတယ်လို့ သိရပါတယ်။ KGI ကတော့ နိုဝင်ဘာ ၃ ရက်မှာ iPhone X အလုံးရေ ၂ သန်းမှ ၃ သန်းအထိ ရရှိနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အစောပိုင်းထုတ်လုပ်မှုမှာ Apple supplier တွေက OLED display တပ်ဆင်တဲ့လုပ်ငန်းစဉ်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ပေမယ့် အဲ့ဒီပြဿနာကို ဇူလိုင်လမှာ ဖြေရှင်းနိုင်ခဲ့တယ်လို့ Nikkei က ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ 3D depth-sensing ကင်မရာအစိတ်အပိုင်း ထုတ်လုပ်မှုက ခက်ခဲနေဆဲဖြစ်ပါတယ်။ Apple ရဲ့ COO ဖြစ်သူ Jeff Williams ကတော့ Foxconn အမှုဆောင်အရာရှိချုပ်နဲ့ မကြာခင်ကတွေ့ဆုံခဲ့ပြီး iPhone X ထုတ်လုပ်မှု အခြေအနေအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ iPhone X ထုတ်လုပ်မှုက တစ်လ ၁၀ သန်းရှိတဲ့အတွက် ၂၀၁၇ ခုနှစ်မှာ သန်း ၂၀ ခန့်သာ ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ Nikkei က ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေမှာတော့ Apple က iPhone သစ်တွေကို စတင်ရောင်းချတဲ့ ရက်သတ္တပတ်မှာပင် အလုံးရေ ၁၀ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: 9to5mac