ထုတ္ကုန္ေတြအၾကား ႀကိဳးမဲ့စနစ္နဲ႔ အားသြင္းႏိုင္မယ့္ နည္းလမ္းကို မူပိုင္ခြင့္တင္လိုက္တဲ့ Apple

[Zawgyi]

Apple က အေမရိကန္မူပိုင္ခြင့္႐ံုး (USPTO) မွာ တင္ခဲ့တဲ့ မူပိုင္ခြင့္တစ္ခုမွာ Apple ထုတ္ကုန္ေတြအၾကား အားသြင္းႏိုင္မယ့္ စိတ္ဝင္စားဖြယ္ရာနည္းလမ္းတစ္ခုကို ေဖာ္ျပထားပါတယ္။

အဲ့ဒီမူပိုင္ခြင့္မွာ (bi-directional) အျပန္အလွန္သြားလာႏိုင္တဲ့ လွ်ပ္စီးေၾကာင္းတစ္ခု ထုတ္လႊတ္ေပးႏိုင္တဲ့ wireless charging coil တစ္ခုကို ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ သီအိုရီအရ တူညီတဲ့ ႀကိဳးမဲ့အားသြင္းစနစ္ပါဝင္တဲ့ iPad ဒါမွမဟုတ္ MacBook ဟာ ဘက္ထရီအားနည္းေနတဲ့ iPhone X ဒါမွမဟုတ္ iPhone 8 ထံကို စြမ္းအင္ လႊဲေျပာင္းေပးႏိုင္မွာျဖစ္ပါတယ္။

လက္ရိွမွာ ႀကိဳးမဲ့အားသြင္းစနစ္အတြက္ iPad ဒါမွမဟုတ္ MacBook မွာ အထက္ပါ charging coil ေတြကို ထည့္သြင္းသြားမယ့္ အစီအစဥ္မရိွေသးဘူးလို႔ ဆိုပါတယ္။ ဒါေပမဲ့လည္း Apple ဟာ ဒီစိတ္ကူးကို အမွန္တကယ္ျဖစ္လာေအာင္ လုပ္ေဆာင္သြားဖို႔ရိွတာေၾကာင့္ အားကုန္ေနတဲ့ iPhone ဘက္ထရီတစ္ခုအတြက္ စိတ္ဝင္စားဖြယ္ရာ နည္းလမ္းတစ္ခု ျဖစ္လာႏိုင္ပါတယ္။

ဒီနည္းပညာဟာ ထုတ္ကုန္တစ္ခုေပၚမွာ အျခားတစ္ခုကိုတင္ၿပီး အားသြင္းႏိုင္ဖြယ္ရိွပါတယ္။ ဥပမာအေနနဲ႔ မူပိုင္ခြင့္ ပံုၾကမ္းတစ္ခုမွာ charging point အမ်ားအျပားပါဝင္တဲ့ MacBook တစ္ခုကို ျပသထားပါတယ္။ အဲ့ဒီ charging point ေတြဟာ MacBook နဲ႔ iPhone 8 Plus, Apple Watch စတဲ့ အျခားထုတ္ကုန္ ႏွစ္ခု၊ သံုးခုေလာက္ၾကားမွာ စြမ္းအင္ေတြကို လႊဲေျပာင္းရာမွာ အသံုးျပဳႏိုင္ပါတယ္။

ထုတ္ကုန္ေတြကို MacBook ေပၚမွာထပ္ထားၿပီး အားသြင္းမယ္ဆိုရင္ေတာ့ MacBook ကို အသံုးျပဳလို႔ရႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမဲ့ ဒီစိတ္ကူးဟာ ထုတ္ကုန္သံုးခုကို MacBook ေပၚမွာတင္႐ံုနဲ႔ အားသြင္းေစႏိုင္မွာ ျဖစ္ပါတယ္။ ဒီသီအိုရီအရ Apple ကို iPhone ရဲ႕ display ေပၚမွာ တင္ၿပီး အားသြင္းႏိုင္မွာ ျဖစ္ပါတယ္။

ဒီနည္းပညာစိတ္ကူး အမွန္တကယ္ ျဖစ္ေျမာက္လာဖို႔အတြက္ ႏွစ္ေပါင္းမ်ားစြာ ေစာင့္ဆိုင္းရႏိုင္ပါတယ္။

Ref: GSMArean

-ေနာင္ေနာင္

[Unicode]

Apple က အမေရိကန်မူပိုင်ခွင့်ရုံး (USPTO) မှာ တင်ခဲ့တဲ့ မူပိုင်ခွင့်တစ်ခုမှာ Apple ထုတ်ကုန်တွေအကြား အားသွင်းနိုင်မယ့် စိတ်ဝင်စားဖွယ်ရာနည်းလမ်းတစ်ခုကို ဖော်ပြထားပါတယ်။

အဲ့ဒီမူပိုင်ခွင့်မှာ (bi-directional) အပြန်အလှန်သွားလာနိုင်တဲ့ လျှပ်စီးကြောင်းတစ်ခု ထုတ်လွှတ်ပေးနိုင်တဲ့ wireless charging coil တစ်ခုကို ဖော်ပြထားပါတယ်။ ဒါကြောင့် သီအိုရီအရ တူညီတဲ့ ကြိုးမဲ့အားသွင်းစနစ်ပါဝင်တဲ့ iPad ဒါမှမဟုတ် MacBook ဟာ ဘက်ထရီအားနည်းနေတဲ့ iPhone X ဒါမှမဟုတ် iPhone 8 ထံကို စွမ်းအင် လွှဲပြောင်းပေးနိုင်မှာဖြစ်ပါတယ်။

လက်ရှိမှာ ကြိုးမဲ့အားသွင်းစနစ်အတွက် iPad ဒါမှမဟုတ် MacBook မှာ အထက်ပါ charging coil တွေကို ထည့်သွင်းသွားမယ့် အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း Apple ဟာ ဒီစိတ်ကူးကို အမှန်တကယ်ဖြစ်လာအောင် လုပ်ဆောင်သွားဖို့ရှိတာကြောင့် အားကုန်နေတဲ့ iPhone ဘက်ထရီတစ်ခုအတွက် စိတ်ဝင်စားဖွယ်ရာ နည်းလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒီနည်းပညာဟာ ထုတ်ကုန်တစ်ခုပေါ်မှာ အခြားတစ်ခုကိုတင်ပြီး အားသွင်းနိုင်ဖွယ်ရှိပါတယ်။ ဥပမာအနေနဲ့ မူပိုင်ခွင့် ပုံကြမ်းတစ်ခုမှာ charging point အများအပြားပါဝင်တဲ့ MacBook တစ်ခုကို ပြသထားပါတယ်။ အဲ့ဒီ charging point တွေဟာ MacBook နဲ့ iPhone 8 Plus, Apple Watch စတဲ့ အခြားထုတ်ကုန် နှစ်ခု၊ သုံးခုလောက်ကြားမှာ စွမ်းအင်တွေကို လွှဲပြောင်းရာမှာ အသုံးပြုနိုင်ပါတယ်။

ထုတ်ကုန်တွေကို MacBook ပေါ်မှာထပ်ထားပြီး အားသွင်းမယ်ဆိုရင်တော့ MacBook ကို အသုံးပြုလို့ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီစိတ်ကူးဟာ ထုတ်ကုန်သုံးခုကို MacBook ပေါ်မှာတင်ရုံနဲ့ အားသွင်းစေနိုင်မှာ ဖြစ်ပါတယ်။ ဒီသီအိုရီအရ Apple ကို iPhone ရဲ့ display ပေါ်မှာ တင်ပြီး အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

ဒီနည်းပညာစိတ်ကူး အမှန်တကယ် ဖြစ်မြောက်လာဖို့အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းရနိုင်ပါတယ်။

Ref: GSMArean
-နောင်နောင်