ထုတ္ကုန္အားလုံးေပၚက Android ေနရာမွာ အစားထိုးမယ့္ Fuchsia OS ကို Google ဖန္တီးေန

ၿပီးခဲ့တဲ့ႏွစ္ႏွစ္အတြင္း Google ဟာ Fuchsia OS စီမံကိန္းကို လွ်ိဳ႕ဝွက္လုပ္ကုိင္ေနတယ္လို႔ Bloomberg က ေဖာ္ျပခဲ့ပါတယ္။ Google ဟာ အဲဒီ platform ကို ထုတ္ကုန္အမ်ိဳးမ်ိဳးမွာ အသုံးျပဳသြားဖို႔ ႀကိဳးပမ္းေနၿပီး တစ္ခ်ိန္ခ်ိန္မွာ Google အမွတ္တံဆိပ္ ထုတ္ကုန္ေတြရဲ႕ Android ေနရာမွာ အစားထိုးဖြယ္ရွိပါတယ္။

အခုဆိုရင္ Fuchsia OS စီမံကိန္းမွာ အင္ဂ်င္နီယာ အေရအတြက္ ၁၀၀ ေက်ာ္အထိ ရွိလာပါၿပီ။ အဲဒီ အင္ဂ်င္နီယာေတြထဲမွာ မာသီးယာ့စ္ဒူရာတီအျပင္ Android interface အတြက္ Google ရဲ႕ Material Design language ကုိလုပ္ကုိင္ခဲ့ၾကတဲ့ လူေတာ္ေတြလည္း ပါဝင္လာပါတယ္။

Fuchsia OS ဟာ Android နဲ႔မတူဘဲ စမတ္စပီကာေတြနဲ႔ အင္တာနက္ခ်ိတ္ဆက္ထားတဲ့ အိမ္သုံး gadget ေတြလိုမ်ိဳး ထုတ္ကုန္အႀကီးစား အမ်ိဳးမ်ိဳးမွာ သုံးစြဲဖုိ႔ ဒီဇိုင္းထုတ္ထားပါတယ္။ ဒါ့အျပင္ Fuchsia OS ကို laptop ေတြမွာပါ အသုံးျပဳလာႏိုင္ဖြယ္ရွိပါတယ္။ Fuchsia OS မွာ Android ထက္ပိုမိုေကာင္းမြန္တဲ့ အသံအေျခခံ အျပန္အလွန္ဆက္သြယ္မႈကို ေထာက္ပံ့ေပးဖို႔ အာ႐ုံစိုက္လုပ္ကုိင္ေနတယ္လို႔ သိရပါတယ္။

အဲဒီ platform ဟာ Android လိုမ်ိဳး Linux kernel အသုံးျပဳထားတာ မဟုတ္ပါဘူး။ Google ဟာ Android တည္ေဆာက္ရာမွာ အသုံးျပဳခဲ့တဲ့ Java အေျခခံနည္းပညာ မူပုိင္ခြင့္ပုိင္ဆုိင္တဲ့ Oracle အေပၚ မွီခိုမႈကို ေရွာင္လႊဲဖို႔ Fuchsia OS ကို အစကေန ျပန္လည္ တည္ေဆာက္ေနပါတယ္။

Fuchsia OS ဟာ ဘယ္လိုထုတ္ကုန္ေတြမွာ ပါဝင္လာမလဲဆိုတာကိုလည္း မသိရေသးပါဘူး။ အခုစီမံကိန္းဟာ open-soruce စမ္းသပ္မႈနဲ႔ ဆန္းသစ္တီထြင္မႈအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈတစ္ခု ျဖစ္တယ္လို႔ Google က Bloomberg ကိုေျပာၾကားခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ Google အမႈေဆာင္အရာရွိခ်ဳပ္ ဆန္းဒါးပီခ်ိဳင္းနဲ႔ Android နဲ႔ Chrome ဖြံ႕ၿဖိဳးတိုးတက္မႈ အႀကီးအကဲျဖစ္သူ ဟီ႐ိုရွိေလာ့ခ္ဟိုင္းမားက OS သစ္အတြက္ လမ္းျပေျမပုံကို လက္မွတ္ေရးထိုးခဲ့ပါတယ္။ အဲဒီစီမံကိန္းအမည္က “အႀကီးတန္း အင္ဂ်င္နီယာ ဆက္လက္ထိန္းသိမ္းထားေရး စီမံကိန္း” ျဖစ္တယ္လို႔ Bloomberg သတင္းရင္းျမစ္တစ္ခုက ေျပာခဲ့ပါတယ္။

Google အေနနဲ႔ Android အေျခခံထုတ္ကုန္ေတြကို ထုတ္လုပ္ေနတဲ့ hardware စီးပြားဖက္ေတြကုိ Fuchsia အသုံးျပဳလာေအာင္ ဘယ္လိုအေျပာင္းအလဲ လုပ္မလဲဆိုတာက စိတ္ဝင္စားစရာ ေမးခြန္းတစ္ခုျဖစ္ပါတယ္။

တကယ္လို႔ အဲဒီအေျပာင္းအလဲ ေအာင္ျမင္ခဲ့မယ္ဆိုရင္ Google ဟာ Apple ကုိ ေကာင္းေကာင္းယွဥ္ၿပိဳင္ႏိုင္ၿပီး platform ေပၚမွာ တည္ၿငိမ္တဲ့ စြမ္းေဆာင္ရည္နဲ႔ လုံၿခဳံေရး update ေတြကို ပိုမိုေပးလာႏိုင္မွာ ျဖစ္ပါတယ္။

Google ကေတာ့ လာမယ့္ငါးႏွစ္အတြင္း Android ေနရာမွာ Fuchsia OS ကို အစားထိုးဖို႔ ဆႏၵမရွိဘူးလို႔႔ CNET ထံ ေျပာၾကား ခဲ့ပါတယ္။

စိုးထက္
Ref: TheNextWeb

[ Unicode ]

ပြီးခဲ့တဲ့နှစ်နှစ်အတွင်း Google ဟာ Fuchsia OS စီမံကိန်းကို လျှို့ဝှက်လုပ်ကိုင်နေတယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။ Google ဟာ အဲဒီ platform ကို ထုတ်ကုန်အမျိုးမျိုးမှာ အသုံးပြုသွားဖို့ ကြိုးပမ်းနေပြီး တစ်ချိန်ချိန်မှာ Google အမှတ်တံဆိပ် ထုတ်ကုန်တွေရဲ့ Android နေရာမှာ အစားထိုးဖွယ်ရှိပါတယ်။

အခုဆိုရင် Fuchsia OS စီမံကိန်းမှာ အင်ဂျင်နီယာ အရေအတွက် ၁၀၀ ကျော်အထိ ရှိလာပါပြီ။ အဲဒီ အင်ဂျင်နီယာတွေထဲမှာ မာသီးယာ့စ်ဒူရာတီအပြင် Android interface အတွက် Google ရဲ့ Material Design language ကိုလုပ်ကိုင်ခဲ့ကြတဲ့ လူတော်တွေလည်း ပါဝင်လာပါတယ်။

Fuchsia OS ဟာ Android နဲ့မတူဘဲ စမတ်စပီကာတွေနဲ့ အင်တာနက်ချိတ်ဆက်ထားတဲ့ အိမ်သုံး gadget တွေလိုမျိုး ထုတ်ကုန်အကြီးစား အမျိုးမျိုးမှာ သုံးစွဲဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ ဒါ့အပြင် Fuchsia OS ကို laptop တွေမှာပါ အသုံးပြုလာနိုင်ဖွယ်ရှိပါတယ်။ Fuchsia OS မှာ Android ထက်ပိုမိုကောင်းမွန်တဲ့ အသံအခြေခံ အပြန်အလှန်ဆက်သွယ်မှုကို ထောက်ပံ့ပေးဖို့ အာရုံစိုက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

အဲဒီ platform ဟာ Android လိုမျိုး Linux kernel အသုံးပြုထားတာ မဟုတ်ပါဘူး။ Google ဟာ Android တည်ဆောက်ရာမှာ အသုံးပြုခဲ့တဲ့ Java အခြေခံနည်းပညာ မူပိုင်ခွင့်ပိုင်ဆိုင်တဲ့ Oracle အပေါ် မှီခိုမှုကို ရှောင်လွှဲဖို့ Fuchsia OS ကို အစကနေ ပြန်လည် တည်ဆောက်နေပါတယ်။

Fuchsia OS ဟာ ဘယ်လိုထုတ်ကုန်တွေမှာ ပါဝင်လာမလဲဆိုတာကိုလည်း မသိရသေးပါဘူး။ အခုစီမံကိန်းဟာ open-soruce စမ်းသပ်မှုနဲ့ ဆန်းသစ်တီထွင်မှုအတွင်း ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်တယ်လို့ Google က Bloomberg ကိုပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ Google အမှုဆောင်အရာရှိချုပ် ဆန်းဒါးပီချိုင်းနဲ့ Android နဲ့ Chrome ဖွံ့ဖြိုးတိုးတက်မှု အကြီးအကဲဖြစ်သူ ဟီရိုရှိလော့ခ်ဟိုင်းမားက OS သစ်အတွက် လမ်းပြမြေပုံကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီစီမံကိန်းအမည်က “အကြီးတန်း အင်ဂျင်နီယာ ဆက်လက်ထိန်းသိမ်းထားရေး စီမံကိန်း” ဖြစ်တယ်လို့ Bloomberg သတင်းရင်းမြစ်တစ်ခုက ပြောခဲ့ပါတယ်။

Google အနေနဲ့ Android အခြေခံထုတ်ကုန်တွေကို ထုတ်လုပ်နေတဲ့ hardware စီးပွားဖက်တွေကို Fuchsia အသုံးပြုလာအောင် ဘယ်လိုအပြောင်းအလဲ လုပ်မလဲဆိုတာက စိတ်ဝင်စားစရာ မေးခွန်းတစ်ခုဖြစ်ပါတယ်။

တကယ်လို့ အဲဒီအပြောင်းအလဲ အောင်မြင်ခဲ့မယ်ဆိုရင် Google ဟာ Apple ကို ကောင်းကောင်းယှဉ်ပြိုင်နိုင်ပြီး platform ပေါ်မှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်နဲ့ လုံခြုံရေး update တွေကို ပိုမိုပေးလာနိုင်မှာ ဖြစ်ပါတယ်။

Google ကတော့ လာမယ့်ငါးနှစ်အတွင်း Android နေရာမှာ Fuchsia OS ကို အစားထိုးဖို့ ဆန္ဒမရှိဘူးလို့့ CNET ထံ ပြောကြား ခဲ့ပါတယ်။

စိုးထက်
Ref: TheNextWeb