ထိုင်းနိုင်ငံ Bangkok University မှ Covid Relief Scholarship ပေးအပ်မည်

ထိုင်းနိုင်ငံ Bangkok University အနေနဲ့ Covid-19 အလွန် ထိုင်းနိုင်ငံမှာ ပညာသင်ကြားလိုသူ မြန်မာကျောင်းသား ကျောင်းသူတွေ အတွက် Covid Relief Scholarship တွေကို ပေးအပ်သွားဖို့ရှိတယ်လို့ Crown Education မှသိရပါတယ်။

ပညာသင်ဆုကို သြဂုတ်လ ကျောင်းဖွင့်ချိန် အတွက် ပေးအပ်သွားမှာ ဖြစ်ပြီး ၂ဝ၂ဝ-၂ဝ၂၁ ကျောင်းဝင်ခွင့်အတွက် Marketing , Entrepreneurship, Digital Media and Design, Communication Strategy and Ideation, Culinary Arts and Design, Innovative Media Production , International Tourism and Hospitality Management ဘာသာရပ်တွေကို တစ်နှစ်စာသင်စရိတ် ကန်ဒေါ်လာ ၃၅၀၀ ကနေ ကန်ဒေါ်လာ ၄၀၀၀ ဝန်းကျင်နဲ့ သင်ကြားခွင့်ရရှိမှာ ဖြစ်ပါတယ်။

Bangkok University အနေနဲ့ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ကြို၊ဘွဲ့လွန်ပရိုဂရမ်တွေကို စာသင်စရိတ် သက်သာစွာဖြင့် သင်ကြားပေးလျက် ရှိသလို နှစ်နိုင်ငံအတွေ့အကြုံ Double Degree Programတွေကိုမှ တက်ချင်တဲ့ ကျောင်းသား/သူတွေ အတွက် ဘန်ကောက်မှာ (၂) နှစ် သို့မဟုတ် (၃) နှစ် တက်ရောက်သင်ကြားပြီး သြစတြေးလျ/ယူကေအပြင် ဆွစ်ဇာလန်နိုင်ငံမှာ (၁) နှစ်/(၁) နှစ်ခွဲ/(၂) နှစ် စတဲ့ စာသင်နှစ်အလိုက် တက်ရောက်နိုင်တဲ့ ပရိုဂရမ်တွေကိုပါ သင်ကြားပို့ချပေးလျက်ရှိတယ်လို့ သိရပါတယ်။

ပညာသင်ဆုနဲ့ ကျောင်းဝင်ခွင့်ဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ဖုန်း -၀၉၂၅၀၀၂၃၂၈၈ နဲ့ ၀၉၄၅၀၂၀၀၀၆၀ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ