ထိုင်းနိုင်ငံ Bangkok University မှ ပညာသင်ဆုများ လျှောက်ထားနိုင်

ထိုင်းနိုင်ငံ Bangkok University (BU) မှ ၁၀၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း Global Bright Scholarship တွေကို ရွေးချယ်ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Global Bright Scholarships လျှောက်ထားနိုင်တဲ့ ပရိုဂရမ်တွေကတော့ Bachelor of Business Administration in Marketing, Bachelor of Arts in Digital Media and Design, Bachelor of Communication Arts in Innovative Media Production, Bachelor of Arts in International Tourism and Hospitality Management တို့ပဲဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (အမှတ်စာရင်း၊ အောင်လက်မှတ်)၊ အင်္ဂလိပ်စာအရည်အချင်း အထောက်အထား (IELTS Individual BandScore – 5.5 သို့မဟုတ် IELTS မရှိထားသူတွေ အနေနဲ့ Bangkok University Placement Test ဖြေဆိုလျှောက်ထားနိုင်ပါသည်)၊ Passport မူရင်း၊ မိမိ သက်ဆိုင်ရာကျောင်းမှ Principal ရဲ့ Recommendation Letter , Bangkok University Application Form တို့ကို ကိုယ်တိုင် လာရောက် ဖြည့်သွင်းရမှာဖြစ်ပါတယ်။

မိမိကိုယ်တိုင်ဖန်တီးထားတဲ့ Portfolio (သို့) Personal Statement တို့နဲ့ အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။ ပညာသင်ဆု လျှောက်ထားလိုသူတွေအနေနဲ့ Crown Education ဖုန်း – ၀၉၂၅၀၂၃၂၈၈ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««