ထိုင်းနိုင်ငံတွင် ပညာသင်ကြားလိုသူများ Royal Scholarship 2021 ကိုလျှောက်ထားနိုင်

ထိုင်းနိုင်ငံတွင် ပညာသင်ကြားလိုသူများ Royal Scholarship 2021 ကို မတ်လ ၃၁ ရက် နောက်ဆုံးထားကာ လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

အဆိုပါ ပညာသင်ဆုမှာ Suranaree University of Technology ရဲ့ International Engineering Program တစ်ခု ဖြစ်ပါတယ်။ Undergraduate တွေအတွက် ရာနှုန်းပြည့်ပညာသင်ဆု ဖြစ်ပြီး Prochemical and Polymer Engineering, Civil Engineering နဲ့ Mechanical Engineering အစရှိတဲ့ ဘာသာရပ် ၃ ခုအတွက် ပေးအပ်တာဖြစ်ပါတယ်။ ပညာသင်ဆုလျှောက်ထားမယ့်သူတွေဟာ သိပ္ပံနဲ့ သင်္ချာဘာသာရပ်တွေမှာ Grade 12 အဆင့်ရှိသူတွေဖြစ်ဖို့ လိုအပ်ပြီး ထူးချွန်ကျောင်းသားတွေ ဖြစ်ရမှာ ဖြစ်ပါတယ်။ လျှောက်ထားသူတွေဟာ အင်္ဂလိပ်စာ အရည်အချင်းသတ်မှတ်ချက် အနေနဲ့ SAT 400 (သို့) TOEFL 61 (သို့) IELTS 5.0 (သို့) TOEIC 550 ရှိရမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကို https://bit.ly/3ckT1OZ မှတစ်ဆင့် ရယူ လျှောက်ထားနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««