ထိုင်ဝမ်ရဲ့ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ရေး ‘electronic fence’ နည်းပညာ

ကိုရိုနာဗိုင်းရပ်စ်ကို ထိရောက်တဲ့နည်းလမ်းနဲ့ တိုက်ခိုက်နိုင်တဲ့ ထိုင်ဝမ်နိုင်ငံကို တစ်ကမ္ဘာလုံးက ချီးကျူးနေကြပါတယ်။ အခုဆိုရင် ထိုင်ဝမ်ကလူတွေ နေအိမ်တွင်းမှာ သီးခြားခွဲနေတာ သေချာစေဖို့ တည်နေရာခြေရာခံ အသုံးပြုထားတဲ့ မိုဘိုင်းဖုန်းအခြေခံ “electronic fence” ကိုဖြန့်ချိလိုက်ပါတယ်။

ကမ္ဘာတစ်ဝန်းက အစိုးရတွေက လူတွေ ဗိုင်းရပ်စ်မကူးစက်အောင် အိမ်မှာနေထိုင်ကြဖို့ နည်းပညာနဲ့ လူသားလုပ်အားကို ပေါင်းစပ်နေကြပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ရဲ့စနစ်ဟာ အိမ်မှာ လူတွေနေကြဖို့ ရည်ရွယ်ချက်နဲ့ မိုဘိုင်းဖုန်း ခြေရာခံမှုကို ပထမဆုံး အသုံးပြုလာတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် ရောဂါကူးစက်မှုကို ဖြန့်ဝေတာနဲ့ လှုပ်ရှားသွားလာတဲ့လူတွေကို ရပ်တန့်ဖို့ပါပဲ” လို့ ထိုင်ဝမ်ဆိုက်ဘာလုံခြုံရေးအကြီးအကဲ၊ ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ တွဲဖက်လုပ်ကိုင်ဖို့ ဦးဆောင်နေတဲ့ Jyan Hong-wei ကပြောခဲ့ပါတယ်။

အခုစနစ်က ဖုန်းလိုင်းတွေကို စောင့်ကြည့်ပြီး ဖုန်းကို ပိတ်တာ ဒါမှမဟုတ် နေအိမ်တွင်း သီးခြားနေတဲ့ လိပ်စာကနေ ဖယ်ခွာသွားရင် ရဲနဲ့ ဒေသတွင်းအာဏာပိုင်တွေက သတိပေးသွားမှာ ဖြစ်ပါတယ်။ ၁၅ မိနစ်အတွင်း သတိပေးချက်ပွင့်သွားရင် အာဏာပိုင်တွေက ကာယကံရှင်ကို ဆက်သွယ်တာ ဒါမှမဟုတ် လာတွေ့ဆုံတာ ပြုလုပ်မယ်လို့ Jyan ကပြောထားပါတယ်။
စိုးထက်
Ref: Reuters