ထိုင်းနှင့်မလေးရှားသို့ တစ်မိနစ်လျှင် ၅၀ ကျပ်ဖြင့်ဖုန်းခေါ်ဆိုနိုင်

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကို ဈေးသက်သက်သာသာနဲ့ ဖုန်းခေါ်ဆိုနိုင်မယ့် အစီအစဉ်တစ်ခုကို MPT က ဆောင်ရွက်လိုက်ပါတယ်။

*2050# ကိုခေါ်ဆိုပြီး MPT IDD Pack ကို ဝယ်ယူထားရမှာ ဖြစ်ပါတယ်။ ရက် ၃၀ အတွင်း တစ်မိနစ်ကို ၅၀ ကျပ်၊ SMS တစ်စောင်ကို ၁၅ ကျပ်နှုန်းနဲ့ ခေါ်ဆိုနိုင်မယ်လို့ သိရပါတယ်။ အဲဒီအတွက် ၁၀၀၀ ကျပ်နဲ့ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ကျသင့်မယ်လို့ ဆိုပါတယ်။ MPT အနေနဲ့ နိုင်ငံတကာကို ဖုန်းခေါ်ဆိုမှုနှုန်းထားတွေကို နိုင်ငံရဲ့တည်နေရာဇုန်အပေါ်မှာ မူတည်ပြီး ၂၀၀ ကျပ်ကနေ ၈၀၀ ကျပ်အထိ ဈေးနှုန်းသတ်မှတ်မှု (၅) မျိုးခွဲပြီး ကောက်ခံသွားမယ်လို့ ဆိုပါတယ်။

အာဆီယံနိုင်ငံတွေနဲ့ အခြား (၈) နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေထံကို တစ်မိနစ်ကို ၂၀၀ ကျပ် ကျသင့်မယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ထိုင်းနဲ့မလေးရှားနိုင်ငံအတွက် သက်သာတဲ့နှုန်းထားနဲ့ ဆောင်ရွက်တာလို့ ဆိုပါတယ်။

-ထွန်းထွန်း