ထိုင္းလိုဏ္ဂူ ကယ္ဆယ္ေရးအတြက္ အင္ဂ်င္နီယာအဖြဲ႕တစ္ဖြဲ႕ ေစလႊတ္လိုက္တဲ့ Elon Musk

[Zawgyi]

နည္းပညာသန္းၾကြယ္သူေဌးႀကီး Elon Musk ဟာ လိုဏ္ဂူတစ္ခုထဲမွာ ပိတ္မိေနတဲ့ လူ ၁၃ ေယာက္ကို ကယ္ဆယ္ရာမွာ ကူညီႏိုင္ဖို႔အတြက္ အထူးအင္ဂ်င္နီယာေတြကို ထိုင္းနိုင္ငံထံ ေစလႊတ္လိုက္ပါတယ္။

သူ႔ရဲ႕ အင္ဂ်င္နီယာေတြဟာ Tham Luang Nang Non ဂူထဲမွာ ပိတ္မိေနတဲ့ လူငယ္ေတြကို ကယ္ဆယ္ဖို႔ နည္းလမ္းရွာေဖြေနတဲ့ ထိုင္းေရတပ္အဖြဲ႕၊ ႏိုင္ငံတကာကၽြမ္းက်င္ပညာရွင္အခ်ိဳ႕နဲ႔ ပူးေပါင္းႏိုင္လိမ့္မယ္လို႔ Musk က ေမွ်ာ္လင့္ထားပါတယ္။

pic1

Boring Company တည္ေထာင္သူအျပင္ Tesla နဲ႔ SpaceX အမႈေဆာင္အရာရိွခ်ဳပ္ျဖစ္တဲ့ Musk က “SpaceX နဲ႔ Boring Co အင္ဂ်င္နီယာေတြဟာ ေသာၾကာေန႔မွာ ထိုင္းႏိုင္ငံကိုသြားေရာက္ၿပီး အစိုးရကို ဘာေတြကူညီႏိုင္မလဲဆိုတာကို ေလ့လာသြားမွာပါ။ အဲ့ဒီက အေျခအေနေတြက နားလည္ရခက္ေလာက္ေအာင္ ခက္ခဲရႈပ္ေထြးပါတယ္” လို႔ ၾကာသပေတးေန႔က Twitter မွာ ေရးသားခဲ့ပါတယ္။

ထိုင္းအစိုးရကေတာ့ Musk ရဲ႕ အင္ဂ်င္နီယာေတြဟာ စေနေန႔ ဇူလိုင္ ၇ ရက္မွာ ထိုင္းႏိုင္ငံကို ေရာက္ရိွလာမွာျဖစ္တယ္လို႔ ေသာၾကာေန႔က Facebook page ကေန အတည္ျပဳခဲ့ပါတယ္။

“Elon Musk ေစလႊတ္လိုက္တဲ့ အဖြဲ႕ဟာ လိုဏ္ဂူကယ္ဆယ္ေရးမွာ ကူညီဖို႔အတြက္ ထိုင္းႏိုင္ငံကို ဇူလိုင္ ၇ ရက္မွာ ေရာက္ရိွလာပါမယ္။ သူ႔အေနနဲ႔ တည္ေနရာေျခရာခံတာ၊ ေရစုပ္ထုတ္တာနဲ႔ ဘက္ထရီစြမ္းအင္အတြက္ ဝန္ေဆာင္မႈေတြကို ေထာက္ပံ့ေပးသြားမယ္လို႔ ယူဆရပါတယ္” ဆိုၿပီး ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

pic2

Musk ဟာ ေျမျပင္ကိုထြင္းေဖာက္ႏိုင္တဲ့ အဆင့္ျမင့္ေရဒါစနစ္အျပင္ ကုမၸဏီရဲ႕ Powerpack ေတြ၊ pump ေတြက ကယ္ဆယ္ေရးအေပၚ အကူအညီ ျဖစ္၊ မျဖစ္ ေမးျမန္းခဲ့သလို ေရေအာက္ ေလလိုဏ္ေခါင္း (air tunnel) တစ္ခုဖန္တီးဖို႔အတြက္ nylon tube တစ္ခု ထည့္သြင္းတာက အက်ိဳးရိွတဲ့ ႀကိဳးပမ္းမႈတစ္ရပ္ ဟုတ္၊ မဟုတ္ကိုလည္း စဥ္းစားထားတယ္လို႔ ဆိုပါတယ္။

ထိုင္း ‘ေတာဝက္’ လူငယ္ေဘာလံုးအသင္းဟာ ဇြန္ ၂၃ ရက္က Tham Luang ဂူထဲကို ဝင္ေရာက္ေလ့လာစူးစမ္းၿပီးေနာက္ ျပန္ထြက္မလာဘဲ ေပ်ာက္ဆံုးေနခဲ့တာ ျဖစ္ပါတယ္။ သူတို႔ ဂူထဲကိုဝင္ေရာက္ခ်ိန္မွာ ရာသီဥတုေကာင္းမြန္ေနေပမယ့္ ႐ုတ္တရက္ မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ က်ဥ္းေျမာင္းတဲ့ လိုဏ္ေခါင္းေတြမွာ ေရျပည့္လ်ွံခဲ့တဲ့ေနာက္ ပိတ္မိေနခဲ့တာျဖစ္ပါတယ္။

pic3

ကယ္ဆယ္ေရးအဖြဲ႕ေတြဟာ လူငယ္ ၁၃ ေယာက္ကို ေအာက္စီဂ်င္မ်က္ႏွာဖံုးစပ္ေတြတပ္ဆင္ေပးၿပီး ရွည္လ်ားၿပီး အႏၲရာယ္မ်ားတဲ့ လိုဏ္ဂူထဲက ေရလမ္းခရီးတစ္ေလွ်ာက္ ကယ္ဆယ္ႏိုင္မယ့္ နည္းလမ္းေတြကို ရွာေဖြေတြ႕ရိွထားၿပီးျဖစ္ပါတယ္။

ေသာၾကာေန႔က ထိုင္းေရတပ္ ေရငုပ္သမားေဟာင္းတစ္ေယာက္ဟာ ကယ္ဆယ္ေရးအတြက္ ေစတနာ့ဝန္ထမ္းအျဖစ္ ကူညီလုပ္ကိုင္ေပးရင္း ေသဆံုးသြားခဲ့ပါတယ္။

ဒီလို အေတြ႕အႀကံဳရိွတဲ့ ေရငုပ္သမားတစ္ေယာက္ ေသဆံုးမႈဟာ ရက္အတန္ၾကာ အစာေရဆာျပတ္လပ္ၿပီး အားေလ်ာ့ေနတဲ့ လူငယ္ေတြကို ကယ္ထုတ္ဖို႔ႀကိဳးပမ္းရာမွာ အလြန္အႏၲရာယ္မ်ားေၾကာင္းကို မီးေမာင္းထိုးျပေနပါတယ္။

ပိတ္မိေနတဲ့ လူငယ္ေတြကို ကယ္ထုတ္ရမယ့္ လမ္းေၾကာင္းဟာ အေတြ႕အႀကံဳရင့္ ေရငုပ္သမားေတြအတြက္ ေရကူးခ်ိန္ ၅ နာရီၾကာျမင့္တယ္လို႔ သိရပါတယ္။

Ref: CNN

-ေနာင္ေနာင္

 

[Unicode]

နည်းပညာသန်းကြွယ်သူဌေးကြီး Elon Musk ဟာ လိုဏ်ဂူတစ်ခုထဲမှာ ပိတ်မိနေတဲ့ လူ ၁၃ ယောက်ကို ကယ်ဆယ်ရာမှာ ကူညီနိုင်ဖို့အတွက် အထူးအင်ဂျင်နီယာတွေကို ထိုင်းနိုင်ငံထံ စေလွှတ်လိုက်ပါတယ်။

သူ့ရဲ့ အင်ဂျင်နီယာတွေဟာ Tham Luang Nang Non ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ်တွေကို ကယ်ဆယ်ဖို့ နည်းလမ်းရှာဖွေနေတဲ့ ထိုင်းရေတပ်အဖွဲ့၊ နိုင်ငံတကာကျွမ်းကျင်ပညာရှင်အချို့နဲ့ ပူးပေါင်းနိုင်လိမ့်မယ်လို့ Musk က မျှော်လင့်ထားပါတယ်။

pic1

Boring Company တည်ထောင်သူအပြင် Tesla နဲ့ SpaceX အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Musk က “SpaceX နဲ့ Boring Co အင်ဂျင်နီယာတွေဟာ သောကြာနေ့မှာ ထိုင်းနိုင်ငံကိုသွားရောက်ပြီး အစိုးရကို ဘာတွေကူညီနိုင်မလဲဆိုတာကို လေ့လာသွားမှာပါ။ အဲ့ဒီက အခြေအနေတွေက နားလည်ရခက်လောက်အောင် ခက်ခဲရှုပ်ထွေးပါတယ်” လို့ ကြာသပတေးနေ့က Twitter မှာ ရေးသားခဲ့ပါတယ်။

ထိုင်းအစိုးရကတော့ Musk ရဲ့ အင်ဂျင်နီယာတွေဟာ စနေနေ့ ဇူလိုင် ရ ရက်မှာ ထိုင်းနိုင်ငံကို ရောက်ရှိလာမှာဖြစ်တယ်လို့ သောကြာနေ့က Facebook page ကနေ အတည်ပြုခဲ့ပါတယ်။

“Elon Musk စေလွှတ်လိုက်တဲ့ အဖွဲ့ဟာ လိုဏ်ဂူကယ်ဆယ်ရေးမှာ ကူညီဖို့အတွက် ထိုင်းနိုင်ငံကို ဇူလိုင် ရ ရက်မှာ ရောက်ရှိလာပါမယ်။ သူ့အနေနဲ့ တည်နေရာခြေရာခံတာ၊ ရေစုပ်ထုတ်တာနဲ့ ဘက်ထရီစွမ်းအင်အတွက် ဝန်ဆောင်မှုတွေကို ထောက်ပံ့ပေးသွားမယ်လို့ ယူဆရပါတယ်” ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

pic2

Musk ဟာ မြေပြင်ကိုထွင်းဖောက်နိုင်တဲ့ အဆင့်မြင့်ရေဒါစနစ်အပြင် ကုမ္ပဏီရဲ့ Powerpack တွေ၊ pump တွေက ကယ်ဆယ်ရေးအပေါ် အကူအညီ ဖြစ်၊ မဖြစ် မေးမြန်းခဲ့သလို ရေအောက် လေလိုဏ်ခေါင်း (air tunnel) တစ်ခုဖန်တီးဖို့အတွက် nylon tube တစ်ခု ထည့်သွင်းတာက အကျိုးရှိတဲ့ ကြိုးပမ်းမှုတစ်ရပ် ဟုတ်၊ မဟုတ်ကိုလည်း စဉ်းစားထားတယ်လို့ ဆိုပါတယ်။

ထိုင်း ‘တောဝက်’ လူငယ်ဘောလုံးအသင်းဟာ ဇွန် ၂၃ ရက်က Tham Luang ဂူထဲကို ဝင်ရောက်လေ့လာစူးစမ်းပြီးနောက် ပြန်ထွက်မလာဘဲ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ သူတို့ ဂူထဲကိုဝင်ရောက်ချိန်မှာ ရာသီဥတုကောင်းမွန်နေပေမယ့် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျဉ်းမြောင်းတဲ့ လိုဏ်ခေါင်းတွေမှာ ရေပြည့်လျှံခဲ့တဲ့နောက် ပိတ်မိနေခဲ့တာဖြစ်ပါတယ်။

pic3

ကယ်ဆယ်ရေးအဖွဲ့တွေဟာ လူငယ် ၁၃ ယောက်ကို အောက်စီဂျင်မျက်နှာဖုံးစပ်တွေတပ်ဆင်ပေးပြီး ရှည်လျားပြီး အန္တရာယ်များတဲ့ လိုဏ်ဂူထဲက ရေလမ်းခရီးတစ်လျှောက် ကယ်ဆယ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေတွေ့ရှိထားပြီးဖြစ်ပါတယ်။

သောကြာနေ့က ထိုင်းရေတပ် ရေငုပ်သမားဟောင်းတစ်ယောက်ဟာ ကယ်ဆယ်ရေးအတွက် စေတနာ့ဝန်ထမ်းအဖြစ် ကူညီလုပ်ကိုင်ပေးရင်း သေဆုံးသွားခဲ့ပါတယ်။

ဒီလို အတွေ့အကြုံရှိတဲ့ ရေငုပ်သမားတစ်ယောက် သေဆုံးမှုဟာ ရက်အတန်ကြာ အစာရေဆာပြတ်လပ်ပြီး အားလျော့နေတဲ့ လူငယ်တွေကို ကယ်ထုတ်ဖို့ကြိုးပမ်းရာမှာ အလွန်အန္တရာယ်များကြောင်းကို မီးမောင်းထိုးပြနေပါတယ်။

ပိတ်မိနေတဲ့ လူငယ်တွေကို ကယ်ထုတ်ရမယ့် လမ်းကြောင်းဟာ အတွေ့အကြံုရင့် ရေငုပ်သမားတွေအတွက် ရေကူးချိန် ၅ နာရီကြာမြင့်တယ်လို့ သိရပါတယ်။

Ref: CNN

-နောင်နောင်