ထိုင္းလိုဏ္ဂူအတြင္း ပိတ္မိေနတဲ့ ကေလးေတြကို ကယ္ဆယ္ဖို႔ ေရငုပ္သေဘၤာအေသးစား တည္ေဆာက္ခဲ့တဲ့ အီလြန္မက္စ္

[Zawgyi]

ထိုင္းႏိုင္ငံက ေရငုပ္သမားေတြဟာ ေရႀကီးေနတဲ့ဂူအတြင္းမွာ နည္းျပနဲ႔အတူ ပိတ္မိေနတဲ့ ကေလး ၁၂ ေယာက္ ထဲက ၄ ေယာက္ကုိ ကယ္ထုတ္ႏိုင္ခဲ့ၿပီ ျဖစ္သလို က်န္ရွိေနတဲ့ ကေလးေတြကုိ လာမယ့္ရက္အနည္းငယ္အတြင္း ဂူထဲက ကယ္ထုတ္သြားဖို႔ စီစဥ္ေနပါတယ္။ အဲဒီအခ်ိန္မွာပဲ က်န္ရွိေနတဲ့ ကေလးငယ္ေတြကို သမား႐ိုးက် ေရငုပ္နည္းလမ္းနဲ႔ ကယ္ထုတ္ဖုိ႔ ခက္ခဲခဲ့မယ္ဆိုရင္ အျခားနည္းလမ္းနဲ႔ ကယ္ဆယ္ႏိုင္ဖို႔ အီလြန္မက္စ္က ႀကံဆေနခဲ့ပါတယ္။
arstechnica
ၿပီးခဲ့တဲ့စေနေန႔က အီလြန္မက္စ္ဟာ Falcon ဒုံးပ်ံအခြံနဲ႔ ျပဳလုပ္ထားတဲ့ ကယ္ဆယ္ေရးျပြန္ထဲမွာ ေအာက္ဆီဂ်င္အရည္တစ္မ်ိဳး အသုံးျပဳထားၿပီး ကေလးတစ္ေယာက္ဝင္ဆံ့ႏိုင္တဲ့ အေသးစား ေရငုပ္သေဘၤာ တည္ေဆာက္မယ့္စိတ္ကူးကို Twitter မွာ ေဖာ္ျပခဲ့ပါတယ္။ အီလြန္မက္စ္အေနနဲ႔ ေရငုပ္သေဘၤာအေသးစားကုိ စတင္တည္ေဆာက္ဖို႔ SpaceX အင္ဂ်င္နီယာေတြကုိ ညႊန္ၾကားခဲ့ပါတယ္။ စေနေန႔အကုန္မွာ အဲဒီထုတ္ကုန္ကုိ အဆင္သင့္အသုံးျပဳႏိုင္မယ္လို႔ အီလြန္မက္စ္က ေျပာခဲ့ပါတယ္။
arstechnica
ေရငုပ္သေဘၤာအေသးစား တည္ေဆာက္ၿပီးခ်ိန္မွာေတာ့ ထိုင္းအာဏာပုိင္ေတြက အီလြန္မက္စ္ရဲ႕ အကူအညီမပါဘဲ ကယ္ဆယ္ေရးလုပ္ငန္းကုိ စတင္ခဲ့ပါတယ္။ ဒါေၾကာင့္ အီလြန္မက္စ္ရဲ႕ ေရငုပ္သေဘၤာအေသးစားကုိ လုိအပ္ေတာ့မွာ မဟုတ္ပါဘူး။ “လက္ရွိမွာ ေရငုပ္သေဘၤာအေသးစားက အသုံးမဝင္ေသးေပမယ့္ အနာဂတ္ အေျခအေနမွာ အသုံးဝင္လာႏိုင္တယ္” လို႔ အီလြန္မက္စ္က ေျပာခဲ့ပါတယ္။
တနဂၤေႏြေန႔မွာေတာ့ အီလြန္မက္စ္က ေရငုပ္သေဘၤာအေသးစားရဲ႕ ဓာတ္ပုံေတြကုိ ထုတ္ျပန္ခဲ့ပါတယ္။
arstechnica
“ေရငုပ္သေဘၤာအေသးစားေလးေတြကုိ ေလာ့စ္အိန္ဂ်လိစ္မွာ ၃ နာရီေက်ာ္ေလာက္ စမ္းသပ္ခဲ့ပါတယ္။ အခုေတာ့ ထိုင္းကုိ ေလယာဥ္နဲ႔ ေပးပုိ႔လိုက္ပါၿပီ” လို႔ အီလြန္မက္စ္က Twitter မွာေရးသားခဲ့ပါတယ္။
ဒါ့အျပင္ အီလြန္မက္စ္က ေရငုပ္သေဘၤာအေသးစားကို ေလာ့အိန္ဂ်လိစ္ ေရကူးကန္မွာ စမ္းသပ္ေနတဲ့ ဗီဒီယိုကုိလည္း တင္ခဲ့ပါတယ္။

https://twitter.com/twitter/statuses/1016029967270928384

ေရငုပ္သေဘၤာအေသးစားက အရမ္းေသးငယ္တယ္လို႔ ထင္ရပါတယ္။ အြန္လိုင္းမွာထြက္ေပၚေနတဲ့ ပုံၾကမ္းအရ ဂူဝင္ေပါက္ရဲ႕ အက်ဥ္းဆံုးေနရာကက ၃၈ စင္တီမီတာ (၁၅ လက္မ) ပဲရွိပါတယ္။ ေရငုပ္သေဘၤာက ဂူဝင္ေပါက္ထဲ တိုးဝင္ႏိုင္ျခင္း ရိွ၊ မရိွကို ArsTechnica က အီလြန္မက္စ္ထံ ေမးျမန္းခဲ့ပါတယ္။ ေရငုပ္သေဘၤာရဲ႕အက်ယ္က ၃၁ စင္တီမီတာ (တစ္ေပ) ရွိတယ္လို႔ အီလြန္မက္စ္က Twitter ကေန ျပန္ၾကားခဲ့ပါတယ္။

ေရငုပ္သေဘၤာရဲ႕အက်ယ္ဟာ အရြယ္ေရာက္သူ ေတာ္ေတာ္မ်ားမ်ား တုိးဝင္ဖို႔ ခက္ခဲေပမယ့္ ထိုင္းဆယ္ေက်ာ္သက္ကေလးေတြ အတြက္ေတာ့ အခက္အခဲရွိမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

စိုးထက္
Ref: ArsTechnica

[Unicode]

ထိုင်းနိုင်ငံက ရေငုပ်သမားတွေဟာ ရေကြီးနေတဲ့ဂူအတွင်းမှာ နည်းပြနဲ့အတူ ပိတ်မိနေတဲ့ ကလေး ၁၂ ယောက် ထဲက ၄ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်သလို ကျန်ရှိနေတဲ့ ကလေးတွေကို လာမယ့်ရက်အနည်းငယ်အတွင်း ဂူထဲက ကယ်ထုတ်သွားဖို့ စီစဉ်နေပါတယ်။ အဲဒီအချိန်မှာပဲ ကျန်ရှိနေတဲ့ ကလေးငယ်တွေကို သမားရိုးကျ ရေငုပ်နည်းလမ်းနဲ့ ကယ်ထုတ်ဖို့ ခက်ခဲခဲ့မယ်ဆိုရင် အခြားနည်းလမ်းနဲ့ ကယ်ဆယ်နိုင်ဖို့ အီလွန်မက်စ်က ကြံဆနေခဲ့ပါတယ်။

arstechnica

ပြီးခဲ့တဲ့စနေနေ့က အီလွန်မက်စ်ဟာ Falcon ဒုံးပျံအခွံနဲ့ ပြုလုပ်ထားတဲ့ ကယ်ဆယ်ရေးပြွန်ထဲမှာ အောက်ဆီဂျင်အရည်တစ်မျိုး အသုံးပြုထားပြီး ကလေးတစ်ယောက်ဝင်ဆံ့နိုင်တဲ့ အသေးစား ရေငုပ်သင်္ဘော တည်ဆောက်မယ့်စိတ်ကူးကို Twitter မှာ ဖော်ပြခဲ့ပါတယ်။ အီလွန်မက်စ်အနေနဲ့ ရေငုပ်သင်္ဘောအသေးစားကို စတင်တည်ဆောက်ဖို့ SpaceX အင်ဂျင်နီယာတွေကို ညွှန်ကြားခဲ့ပါတယ်။ စနေနေ့အကုန်မှာ အဲဒီထုတ်ကုန်ကို အဆင်သင့်အသုံးပြုနိုင်မယ်လို့ အီလွန်မက်စ်က ပြောခဲ့ပါတယ်။

arstechnica

ရေငုပ်သင်္ဘောအသေးစား တည်ဆောက်ပြီးချိန်မှာတော့ ထိုင်းအာဏာပိုင်တွေက အီလွန်မက်စ်ရဲ့ အကူအညီမပါဘဲ ကယ်ဆယ်ရေးလုပ်ငန်းကို စတင်ခဲ့ပါတယ်။ ဒါကြောင့် အီလွန်မက်စ်ရဲ့ ရေငုပ်သင်္ဘောအသေးစားကို လိုအပ်တော့မှာ မဟုတ်ပါဘူး။ “လက်ရှိမှာ ရေငုပ်သင်္ဘောအသေးစားက အသုံးမဝင်သေးပေမယ့် အနာဂတ် အခြေအနေမှာ အသုံးဝင်လာနိုင်တယ်” လို့ အီလွန်မက်စ်က ပြောခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာတော့ အီလွန်မက်စ်က ရေငုပ်သင်္ဘောအသေးစားရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။

arstechnica

“ရေငုပ်သင်္ဘောအသေးစားလေးတွေကို လော့စ်အိန်ဂျလိစ်မှာ ၃ နာရီကျော်လောက် စမ်းသပ်ခဲ့ပါတယ်။ အခုတော့ ထိုင်းကို လေယာဉ်နဲ့ ပေးပို့လိုက်ပါပြီ” လို့ အီလွန်မက်စ်က Twitter မှာရေးသားခဲ့ပါတယ်။
ဒါ့အပြင် အီလွန်မက်စ်က ရေငုပ်သင်္ဘောအသေးစားကို လော့အိန်ဂျလိစ် ရေကူးကန်မှာ စမ်းသပ်နေတဲ့ ဗီဒီယိုကိုလည်း တင်ခဲ့ပါတယ်။

https://twitter.com/twitter/statuses/1016029967270928384

ရေငုပ်သင်္ဘောအသေးစားက အရမ်းသေးငယ်တယ်လို့ ထင်ရပါတယ်။ အွန်လိုင်းမှာထွက်ပေါ်နေတဲ့ ပုံကြမ်းအရ ဂူဝင်ပေါက်ရဲ့ အကျဉ်းဆုံးနေရာကက ၃၈ စင်တီမီတာ (၁၅ လက်မ) ပဲရှိပါတယ်။ ရေငုပ်သင်္ဘောက ဂူဝင်ပေါက်ထဲ တိုးဝင်နိုင်ခြင်း ရှိ၊ မရှိကို ArsTechnica က အီလွန်မက်စ်ထံ မေးမြန်းခဲ့ပါတယ်။ ရေငုပ်သင်္ဘောရဲ့အကျယ်က ၃၁ စင်တီမီတာ (တစ်ပေ) ရှိတယ်လို့ အီလွန်မက်စ်က Twitter ကနေ ပြန်ကြားခဲ့ပါတယ်။

ရေငုပ်သင်္ဘောရဲ့အကျယ်ဟာ အရွယ်ရောက်သူ တော်တော်များများ တိုးဝင်ဖို့ ခက်ခဲပေမယ့် ထိုင်းဆယ်ကျော်သက်ကလေးတွေ အတွက်တော့ အခက်အခဲရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။

စိုးထက်
Ref: ArsTechnica