ထရမ့် account ကို ရာသက်ပန် ပယ်ဖျက်မယ့် Snapchat

သမ္မတဒေါ်နယ်ထရမ့်ရဲ့ account ကို ရာသက်ပန် ပယ်ဖျက်မယ်လို့ Snap ကကြေညာခဲ့ပါတယ်။ Snap ဟာ ထရမ့်က အမေရိကန် Capitol ကို သိမ်းပိုက်ကြဖို့ ထောက်ခံသူတွေအပေါ် လှုံ့ဆော်အပြီး ပြီးခဲ့တဲ့အပတ်က ထရမ့် account ကို အကန့်အသတ်မရှိ ပိတ်ခဲ့ပါတယ်။ အခုဆိုရင်တော့ ထရမ့် account ကိုရာသက်ပန် ပိတ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။

ထရမ့်ဟာ Snapchat ပေါ်လစီများစွာကို ချိုးဖောက်ဖူးပါတယ်။ ကုမ္ပဏီက စည်းမျဉ်းချိုးဖောက်နေတဲ့ content နဲ့ပတ်သက်ပြီး အဖွဲ့ဆီ သတိပေးချက်တွေ ပို့ခဲ့ပါတယ်။ ထရမ့် account တရားဝင်ပိတ်ပင်မှုက ဇန်နဝါရီ ၂၀ ရက်မှ စတင်သက်ရောက်ပါမယ်။

ထရမ့်ဟာ Black Lives Matter ဆန္ဒပြပွဲအပေါ် တုံ့ပြန်တဲ့ tweet တွေတင်ခဲ့ပြီးနောက် ဇွန်လမှာ Snapchat ရဲ့ Discover tab ထဲမှာ ထရမ့် account ဖော်ပြမှုကို ကုမ္ပဏီက ရပ်ဆိုင်းခဲ့ဖူးပါတယ်။ Snapchat ဟာ Twitter လိုပဲ ထရမ့် account ကို ရာသက်ပန် ပိတ်ပင်လိုက်တာပါ။

Facebook ကတော့ ထရမ့် account ကိုတော့ အကန့်အသတ်မရှိ ပိတ်ထားဆဲပဲ ဖြစ်ပါတယ်။ Shopify ကတော့ ထရမ့်ရဲ့ campaign စတိုးကိုတော့ ဖြုတ်ချထားပါတယ်။

-စိုးထက်
Ref: TheVerge

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««