ထရမ့်အပေါ် ကျိန်ဆဲတဲ့ tweet တွေကို ဖယ်ရှားမယ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ဟာ ကပ်ရောဂါ၊ လူအဖွဲ့အစည်းတရားမျှတမှု၊ ပြည်ဝင်ခွင့်ပေါ်လစီနဲ့ ပတ်သက်ပြီး မညှာမတာပေါ်လစီတွေ ချမှတ်လေ့ရှိတာကြောင့် လူတွေက ဝေဖန်ခဲ့ကြပါတယ်။

အခုအခါ သမ္မဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ လူတချို့ကတော့ twitter ပေါ်မှာ ကျိန်ဆဲခဲ့ကြပါတယ်။ Twitter အနေနဲ့ ပလက်ဖောင်းပေါ်မှာ သမ္မတဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေပါစေလို့ ကျိန်ဆဲတဲ့ tweet တွေကို ဖယ်ရှားမယ်လို့ Motherboard ကိုပြောခဲ့ပါတယ်။

အဲဒီပုံစံ tweet တွေကို ဖယ်ရှားပြီး account ကိုလည်း read only mode အဖြစ် ပြောင်းလဲမယ်လို့ သိရပါတယ်။ Twitter ဟာ ဧပြီလနောက်ပိုင်း ပြောင်းလဲထားတဲ့ စည်းမျဉ်းအတိုင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

-စိုးထက်
Ref: Vice

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««