ထရမ့်အစိုးရကို TikTok တရားစွဲဖို့ စီစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က TikTok ကိုပိတ်ပင်ဖို့ နိုင်ငံတော်အမိန့်ကြော်ငြာစာတစ်ခုကို ထုတ်ပြန်ခဲ့တယ်။ အဲဒီအမိန့်စာကို စိန်ခေါ်ဖို့ ထရမ့်အစိုးရအပေါ် တရားစွဲဆိုဖို့ TikTok က စီစဉ်နေပါတယ်။

နာမည်ကျော် ဗီဒီယိုဝေမျှမှု app TikTok ဟာ အင်္ဂါနေ့မှာ ဖက်ဒရယ်တရားစွဲဆိုမှု အဖြစ် တင်သွင်းသွားမယ်လို့ အစီအစဉ်သိသူ တစ်ဦးက ပြောပါတယ်။ တရားစွဲဆိုမှုကို ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းစီရင်စု အမေရိကန်ခရိုင်တရားရုံးမှာ ကြားနာသွားပါမယ်။ အဲဒီနယ်မြေဟာ TikTok ရဲ့အမေရိကန်လုပ်ငန်း အခြေစိုက်ဒေသလည်း ဖြစ်ပါတယ်။

တရားစွဲဆိုမှုက သမ္မဒေါ်နယ်ထရမ့်ရဲ့ လုပ်ရပ်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီသလို ကုမ္ပဏီကို တုံ့ပြန်ခွင့်မပေးတဲ့ကိစ္စကိုလည်း ကန့်ကွက်မယ်လို့ NPR က ဖော်ပြခဲ့ပါတယ်။ ထရမ့်အစိုးရအဖွဲ့ရဲ့ အမိန့်စာ နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်လည်း အခြေအမြစ်မရှိဘူးလို့ သတင်းရင်းမြစ်ကလည်း ပြောခဲ့ပါတယ်။

-စိုးထက်
Ref: NPR